အိုဘားမားကို လက်ထပ်ခွင့်တောင်းတဲ့ ဇင်ဘာဘွေ သမ္မတ



အမေရိကပြည်နယ် ၅၀ လုံးမှာ လိင်တူခြင်းလက်ထပ်ထိမ်းမြားခွင့် ဥပဒေကို အတည်ပြုပေးလိုက်တဲ့အတွက် ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီက အိုဘားမားကို နောက်ပြောင်ပြီး လက်ထပ်ခွင့်တောင်းလိုက်ပါတယ်။

အိမ်ဖြူတော်ကိုအလည်သွားပြီး ဒူးတဖက်ထောက်ကာ အမေရိကန်သမ္မတအိုဘားမားကို လက်ထပ်ခွင့်တောင်းမယ်လို့ ရေဒီယိုတစ်ခုနဲ့ မေးမြန်းခန်းမှာ နောက်ပြောင်ခဲ့ပါတယ်။ လိင်တူခြင်းလက်ထပ်ခွင့်ကို အတည်ပြုပေးခဲ့တဲ့ အမေရိကန်အစိုးရကို အရွဲ့တိုက်တဲ့ မှတ်ချက်လည်းဖြစ်ပါတယ်။

Planet Myanmar News

မှတ်ချက်များ