ဇင်းကျိုက်၌ တောင်ကျရေကြောင့် ရပ်ကွက်အချို့ နှင့် အဝေးပြေးကားလမ်း ရေလွှမ်း
ပေါင်မြို့နယ် ဇင်းကျိုက်မြို့၌ ဇွန် ၂၅ ရက် နံနက်က မိုးသည်းထန် စွာ ရွာသွန်းမှုကြောင့် ဇင်းကျိုက် တောင်ကြောပေါ်မှ တောင်ကျရေ များ တစ်ဟုန်ထိုး စီးဆင်းလာပြီး အနိမ့်ပိုင်း လူနေရပ်ကွက်အချို့နှင့် ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းမကြီးပေါ်တွင် ရေလွှမ်းမိုး မှုဖြစ်ပေါ်ခဲ့သည်။
ရေလွှမ်းမိုးမှုကြောင့် အဝေး ပြေးကားလမ်းပေါ်တွင် ယာဉ်အသွား အလာများ ခေတ္တရပ်ဆိုင်းသွားခဲ့ သည်။ အဆိုပါ ရေလွှမ်းမိုးရာသို့ ဇင်းကျိုက်မြို့ရှိ သက်ဆိုင်ရာ ရပ် ကွက်အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ များ၊ လူမှုအဖွဲ့အစည်းများ ရောက် ရှိလာပြီး မော်တော်ယာဉ်များ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများအန္တရာယ်ကင်းရှင်းစေ ရေးအတွက် ကူညီဆောင်ရွက်ပေး ခဲ့သည်။
အဆိုပါ ရေလွှမ်းမိုးမှုကြောင့် လူနှင့် တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။
စိုးစိုးအေး(iprd) - Myanmaalinn

မှတ်ချက်များ