အိန္ဒိယတွင် မိုးရွာသွန်းမှုကြောင့် လူ ၃၄ ဦးထက်မနည်းသေဆုံး


အိန္ဒိယနိုင်ငံ အနောက်ပိုင်းတွင် ဗုဒ္ဓဟူးနေ့ကတည်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၃၄ ဦး သေဆုံးသွားကြောင်း ထိပ်တန်းရဲအရာရှိ တစ်ဦးက ကြာသပတေးနေ့တွင် ပြောသည်။

''ဂူဂျာရတ်ပြည်နယ်ထဲက ဒေသအချို့မှာ ဗုဒ္ဓဟူးနေ့ကတည်းက မိုးတွေသည်းထန်စွာရွာသွန်းပြီး လေတိုက်နေတာ အခုအထိပါပဲ။ ဒီမိုးသည်းထန်မှုကြောင့် အနည်းဆုံးလူ ၃၄ ဦး သေဆုံးမှုရှိပါတယ်''ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

မိုးသည်းထန်မှုကြောင့် အနိမ့်ပိုင်းဒေသများတွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသဌာနမှ တာဝန်ရှိသူက ပြောသည်။ ''ရေကြီးမှုကဖြစ်နေတုန်းပါပဲ။ ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲရေးအဖွဲ့တွေကတော့ သတိပေးမှုတွေပြုလုပ်နေတုန်းပါ'' ဟု တာဝန်ရှိသူကဆိုသည်။

အိန္ဒိယနိုင်ငံတွင် မုတ်သုံအဝင်နောက်ကျခဲ့ပြီး ယခုအခါ နိုင်ငံအနောက်ပိုင်းနှင့် တောင်ပိုင်းဒေသများသို့ ဝင်ရောက်လာပြီဖြစ်သည်။

Myanmaalinn

မှတ်ချက်များ