အပြစ်တွေပြောနေမယ့်အစား အကြံဥာဏ်တွေ ပေးဖို့လိုအပ်တယ်


တစ်ချိန်က နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းတစ်ဦးလည်းဖြစ်ပြီး ၂ဝဝ၉ ခုနှစ်ကစတင်ကာ မကွေး FC အသင်းကို နည်းပြ အဖြစ် ဆောင် ရွက် ခဲ့သူ ဦးကြည်လွင်အနေဖြင့် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက နည်းပြချုပ်ရာထူး ပေးအပ်လာသည့်အချိန်တွင် အခက် အ ခဲ တချို့ ရှိ ခဲ့ကြောင်း ပြောပြသည်။

” လူရွေးချယ်မှုပါ။ လက်လှမ်းမီသလောက်အကူအညီးတောင်းခံရတော့တယ်။ ကျွန်တော်သိထားတာတွေလည်း ရှိတာပေါ့။ ဥက္ကဋ္ဌကိုယ်တိုင်က လိုလိုလားလား တာ ဝန်ပေး အပ်တော့ အခက်အခဲတွေကြားထဲကနေ သင့်တော်တဲ့ သူတွေနဲ့ ယူ -၂၃ ကို စဖွဲ့ခဲ့တယ်။ အဲဒီကစပြီး တစ်ပတ်နှစ်ရက်နဲ့ စုစုပေါင်းလေ့ကျင့် ချိန် နှစ် လကျော်လောက်ပဲရခဲ့တယ်” ဟု လူရွေးချယ်မှုအခက်အခဲအချို့ကို ဦးကြည်လွင်က ပြောပြသည်။

ယခုကဲ့သို့ မြန်မာ ယူ ၂၃ ငွေ ဆုတံဆိပ်ရရှိခဲ့သည်ကလည်း ဝမ်းသာစရာတစ်ခုဟုသာ သတ်မှတ်ကြောင်း အင်ဒိုနီးရှားကို နိုင်လိုက်သည့်အတွက် စင်ကာပူနိုင် ငံရှိ မြန် မာပရိသတ်များ ထင်ထားသည်ထက် အားပေးလာကြကြောင်း၊ မြန်မာလူမျိုးများ အချင်းချင်းချစ်ခင်ကြသည်ကို ကမ္ဘာက သိသွားကြောင်းကိုလည်း ဦးကြည် လွင်က ပြောသည်။ မြန်မာပရိသတ်ထုက မြန်မာကစားသမားများ နိုင်ငံတကာနှင့် တန်းတူမယှဉ်ပြိုင်နိုင်ဘဲ လူကောင်သေးကြသည်ဆိုသည့် မှတ်ချက်အပေါ် လည်း ဦးကြည်လွင်က ” ကမ္ဘာမှာ ဘယ်အားကစားမဆိုလုပ်လာပြီဆိုရင် ငယ်ငယ်လေးကတည်းက ပြုစုပျိုးထောင်ပေးကြတယ်။

 နေတာ၊ ထိုင်တာ၊စားတာ၊သောက် တာ၊လေ့ ကျင့်တာကအစ သာမန်လူတစ်ယောက်လို နေလို့မရတော့ဘူး။ အဲဒီမှာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ ကွာခြားသွားတယ်။ လူကောင်သေးတယ်၊ ကြီးတယ်ဆိုတာကိုပြောရင် ဒါတွေပါလာတာ ပေါ့။ ဒီမှာက အဲဒီလိုမျိုးမရှိဘူး။ အခုက ဘောလုံးလောက အစပဲရှိပါသေးတယ်။ လုပ်ဆောင်စရာတွေ အများကြီး ရှိပါသေးတယ်။ အောင်မြင်မှုရဖို့ အခု မှစလုပ်ရမှာ” ဟု လည်း ထင်မြင်ချက်များအပေါ် ၄င်း က ပြန်လည်ဖြေကြားခဲ့သည်။

ယခုလိုအောင်မြင်မှု အခြေအနေထိ ရောက်ရှိလာခြင်းနဲ့ ပတ်သက်ပြီး ပြည်တွင်းကလပ်အသင်းပိုင်ရှင်များနှင့် နည်းပြများကို စာမျက်နှာထက်က တင်မကဘဲ ရင်ထဲကပါ အမှန်တကယ် ကျေးဇူးတင်ရှိကြောင်းကိုလည်း ၄င်းကပြောသည်။ မည်သည့်ပြိုင်ပွဲမျိုးကိုမဆို မိမိအနေဖြင့် ပြိုင်ပွဲတိုင်းကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ခဲ့ပြီး တစ်ပွဲချင်းအပေါ် အာရုံစူးစိုက်ကြောင်းကိုလည်း ပြောသည်။

” ကိုယ်သွားရမယ့် Target ကိုတော့ ကိုယ်တိုင်သိပြီးသားပါ။ MNL မှာ မကွေးFC အသင်းက ရွှေလိုချင်တာပဲ။ ဆီးဂိမ်းမှာလည်း ရွှေလိုချင်တာပဲ။ ဒါပေမဲ့အဲဒီ Target နဲ့ပဲ သွားနေရတာ။ ဒီတော့ တစ်ပွဲချင်းပဲ အာရုံစိုက်တယ်။ တစ်ပွဲချင်းစီပဲ ကစားသမားတွေရဲ့ စိတ်ဓာတ်ခွန်အားကို ထည့်ပေးတယ်။ မြှင့်တင်ပေးတယ်” ဟုလည်း ပြော သည်။ ငွေတံဆိပ်သာရယူနိုင်ခဲ့ သော်လည်း ကစားသမားများကို ချီးကျူးကြောင်း၊ သို့သော် စင်ကာပူရောက် မြန်မာပရိသတ်၊ ပြည်တွင်းကနေ တစ်ခဲနက် အားပေးနေကြ သည့် ပရိသတ်၊ ကမ္ဘာအရပ်ရပ်ကနေ အားပေးခဲ့ကြ သည့် မြန်မာပရိသတ်များအတွက် စိတ်မကောင်းဖြစ်ရကြောင်းလည်း ပြောသည်။ ” 

အကြောင်းကတော့ တစ် တိုင်းပြည်လုံးက လိုချင်နေကြတဲ့ ရွှေတံဆိပ်ဆုကို ရယူပေးနိုင်အောင် မစွမ်းဆောင်နိုင်ခဲ့လို့ပါ။ ဒီအတွက် လွန်စွာ စိတ်မကောင်းဖြစ်ရပါ တယ်။ နောင်တ စ်ချိန်ရွှေ တံ ဆိပ်ရအောင် လေ့ကျင့်မယ်။ ကြိုးစားပါ့မယ်။ ရွှေတံဆိပ်မရဘဲ ပြန်လာတော့ မြန်မာလူထုတစ်ရပ်လုံး သောင်းသောင်ဖြဖြ ကြိုဆိုကြတယ်။ ဒီအတွက်လည်း ဝမ်းနည်း ဝမ်း သာဖြစ်ရတယ်။ မချိတင်ကဲဖြစ်ရတယ်။ လိုချင်တာက ရွှေလေ၊ ကျွန်တော်တို့အများကြီး ကြိုးစားရဦးမှာပါ” ဟုလည်း ဦးကြည်လွင်က ပြောသည်။

မြန်မာ့ဘောလုံးလောကအောင်မြင်ရေးနှင့်ပတ်သက်ပြီးတော့လည်း ” အခု ရွှေတံဆိပ်မရလာဘူး။ ငွေ အဆင့်လောက်နဲ့ ပြန်လှည့်လာခဲ့ရတယ်။ ဒါကိုအပြစ်ပြောနေမယ့် အစား ဘာကြောင့်ရွှေမရတာလဲဆိုတာကို အကြံဥာဏ်ပေးဖို့လိုအပ်တယ်။ ရှုံးပြီးပြန်လာရင် ဘာဆက်လုပ်သင့်လဲဆိုတာကို စဉ်းစားရမယ်။ ဒီတော့မှ လုပ်တဲ့သူကလည်း ရဲရဲဝံ့ဝံ့လုပ်နိုင်မယ်။ အဓိကကတော့ အပြစ်တွေပြောနေမယ့် အစားအကြံဥာဏ်တွေပေးဖို့ လိုအပ်တယ်။ 

ကျွန်တော်တို့နိုင်ငံမှာ ကျင်းပတဲ့ MNL ကလပ်ပြိုင်ပွဲက အခုမှ ခုနစ်နှစ်သားလောက်ပဲရှိသေးတယ်။ ယိုးဒယားတို့၊ စင်ကာပူတို့က နှစ်ပေါင်းမနည်းတော့ဘူး။ ဒီတော့ ကလပ်အသင်းမှာရှိတဲ့အုပ်ချုပ်သူ၊ နည်းပြအပါအဝင် ကစားသ မားတွေကအစ တစိုက်မတ်မတ်နဲ့ ကြိုးစားလုပ်ဆောင်သွားရမှာ။ အချိန်မှန် လစာထုတ်လိုက်လုပ်နေရင် နိုင်ငံလက်ရွေးစင်အသင်းအတွက်အထောက် အကူဖြစ်မှာမ ဟုတ် ဘူး။ MNL လုပ်တယ်ဆိုတာ လက်ရွေးစင်ကစားသမားတွေ ပေါ်ပေါက်လာစေဖို့ လုပ်တာပါပဲ။

နိုင်ငံတကာမှာလည်း အဲဒီအတိုင်းပါ။ ဒီတော့ လိဂ်ကို အရင်အောင်မြင်အောင်လုပ်ရမှာပေါ့” ဟု လည်းဘောလုံးလောက တိုးတက်ရေးနှင့်ပတ်သက်ပြီး ဦးကြည်လွင် က ပြောသည်။ လက်ရွေးစင်အသင်း၊ ယူ – ၂၃၊ ယူ – ၂ဝ၊ အမျိုးသမီးဘောလုံးအသင်းတို့အနေဖြင့် နိုင်ငံတော်သမ္မတ၏ ဖိတ်ကြားချက်ကြောင့် ဇွန် ၂ဝ ရက်နေ့က နေပြ ည်တော်တွင်ပြုလုပ်သော ဘောလုံးကစားသမားများ ဂုဏ်ပြု ညစာစားပွဲသို့ ၄င်းကိုယ်တိုင် တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

M ဘွယ် - Popular News Journal

မှတ်ချက်များ