အထိုင်များခြင်းဟာ သောက များလာစေနိုင်


သင်ဟာ ထိုင်နေတဲ့အချိန်တွေမှာ သက်တောင့်သက်သာရှိသွားပါသလား။ ဒါပေမယ့် သင့်မှာ သောက တွေတော့ တိုးလာမှာ သေချာပါတယ်။

ဆက်တီ ခုံတွေပေါ်မှာ အချိန်ကြာကြာ ထိုင်ခြင်းဟာ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက် ရော ခန္ဓာကိုယ် ကျန်းမာရေး အတွက်ပါ ဆိုးရွားစွာ ထိခိုက်နိုင်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

အရွယ်ရောက်ပြီးသူတွေနဲ့ ဆယ်ကျော်သက် အချို့ကို စမ်းသပ်ကြည့်ခဲ့ရာမှာတော့ လမ်းလျှောက်ချိန်တွေအစား ကွန်ပျူတာ ဂိမ်းကစားခြင်း ၊ အင်တာနက်သုံးခြင်း နဲ့ တီဗွီကြည့်ခြင်းတို့ကို ပြုလုပ်နေတဲ့ ငပျင်းတွေဟာ သောက များလာ တဲ့ ဝေဒနာ ကို ခံစားရနိုင်တယ်ဆိုတဲ့ အဖြေကို တွေ့ရှိခဲ့ကြပါတယ်။

တစ်ကယ်တော့ သောကများတဲ့ ဝေဒနာ ဟာ စာမေးပွဲဖြေဆိုခြင်း ၊ ကိုယ်ဝန်ဆောင်ခြင်း ၊ အလုပ်သစ်မှာစတင်ဝင်ရောက်လုပ်ကိုင်ခြင်းနဲ့ ဖျားနာခြင်း တို့လို အခြေအနေတွေရဲ့ ပုံမှန်တုံ့ပြန်မှု တစ်ခုပဲ ဖြစ်ပါတယ်။

အဲဒီလို သောကများခြင်းရဲ့ နောက်ဆက်တွဲ ရလဒ်တွေကတော့ နှလုံးခုန်နှုန်းမြန်လာခြင်း ၊ အသက်ရှုရန်ခက်ခဲခြင်း ၊ ကြွက်သားများ တောင့်တင်း နာကျင်ခြင်း နဲ့ ခေါင်းကိုက်ခြင်းတို့ကို ခံစားလာရနိုင်ပါတယ်။

အဲဒီကမှ တစ်ဆင့် အ၀လွန်ခြင်း ၊ နှလုံးရောဂါ ၊ ဆီးချိုသွေးချို နဲ့ အရိုးပွ ရောဂါတွေဟာလည်း အထိုင်များခြင်းကနေ ကြုံတွေ့ရတဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သုတေသီ တွေဟာ အထိုင်များခြင်း ရဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု တွေကို လေ့လာကြည့်ခဲ့ကြပါတယ်။

ဒါကြောင့် သုတေသီတွေဟာ အထိုင်များခြင်းနဲ့ သောက များခြင်းတို့ကြားက ဆက်စပ်နေမှုတွေကို လေ့လာဖို့အတွက် လေ့လာမှု ၉ ခု ကိုပြုလုပ်ခဲ့ကြရာမှာတော့ လေ့လာမှု ၅ ခုအရ အပျင်းထူခြင်းဟာ သောက ပိုမိုများပြားလာခြင်း ကို ဖြစ်ပေါ်စေပြီး လေ့လာမှု ၄ ခု အရတော့ ထိုင်နေချိန် များခြင်းဟာ လည်း သောက တွေကို ပိုမိုများပြားလာစေတယ်ဆိုတာကိုတွေ့ရှိခဲ့ကြပါတယ်။

( Mario ) - သစ်ထူးလွင်
Ref : Dailymail

မှတ်ချက်များ