ကွာရှင်းပြတ်စဲလိုက်တဲ့ အမျိုးသားက ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ တစ်ဝက်စီ ခွဲဝေလို့ ရရှိတဲ့ ဝေစုကို eBayမှာ လေလံတင်ရောင်းချ
အကြမ်းစား လမ်းခွဲခြင်းလို့ ခေါ်ဆိုရပါမယ်။ အချစ်ကို စိတ်ကုန်သွားတဲ့ ဂျာမန် အမျိုးသားတစ်ဦးက ဇနီးဖြစ် သူကို သူတို့ပိုင်ဆိုင်ထားသမျှ ပစ္စည်းတွေ အားလုံးတစ်ဝက်ဆီ တမူထူးခြားတဲ့ နည်းလမ်းနဲ့ ခွဲဝေပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို ဆိုပါတယ်။ ပိုင်ဆိုင်ထားသမျှ ပစ္စည်းတစ်ဝက်ကို ပစ္စည်းအလယ်မှ လွှနဲ့ ပိုင်းဖြတ်ပြီး ဇနီးထံ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပါတယ်။
သူရထားတဲ့ တစ်ဝက်ကို ဘာလုပ်လဲဆိုတော့ eBay ကနေတဆင့် သူပြန်လည်ရောင်းပါတယ်။
eBay.de တွင်ရောင်းချတဲ့ ပစ္စည်းစာရင်းမှာ iPhone တစ်ခြမ်း၊ MacBook Pro တစ်ခြမ်း၊ HD TV တစ်ခြမ်း နဲ့ တချို့ပစ္စည်းတွေဖြစ်ပါတယ်။ အလယ်မှ လွှနဲ့ ထက်ဝက်ပိုင်းထားတဲ့ ကားတစ်ခြမ်းကို တောင် လေလံတင်ထားပါသေးတယ်။
အရာရာကို ပြောတိုင်း ယုံလွယ်သူမဟုတ်ဘဲ မိမိမျက်စိဖြင့် သပ်အပ်မြင်တွေ့ရမှ ယုံတတ်သူတွေအတွက်https://www.yahoo.com/tech/divorced-man-selling-half-of-his-gadgets-on-ebay-121784162054.html မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Victor.PaaTung - Trend Myanmar

မှတ်ချက်များ