Hangover ဖြစ်နေလို့ တူနီးရှား အကြမ်းဖက်မှုမှ လွတ်မြောက်ခဲ့တဲ့ စုံတွဲ


တူနီးရှား နိုင်ငံ ဆုစ် မြို့က အပန်းဖြေ ကမ်းခြေ ဟိုတယ် အတိုက်အခိုက် ခံခဲ့ရ လို့ လူ ၃၈ ဦး သေဆုံးခဲ့ရပါတယ်။

အခင်းဖြစ်ပွားရာ ကမ်းခြေနားက ဟိုတယ်လ်မှာ တည်းနေပေမဲ့ ကံကောင်းစွာ လွတ်မြောက်ခဲ့တဲ့ စုံတွဲ တစ်တွဲရှိခဲ့ပါတယ်။

အသက်(၂၇)နှစ်အရွယ်၊ဗြိတိန်လူမျိုး စန္ဒယားတီးဆရာ ဒေးဗစ် စခိုးလ်ဖီးဒ် နဲ့ သူ့ချစ်သူ နစ်ကိုးလ် ဟားရစ်စ်တို့ဟာ အခင်းဖြစ်တဲ့ ကမ်းခြေနားက ဟိုတယ်လ်မှာ တည်းနေကြတာ ဖြစ်ပါတယ်။

သူတို့ဟာ အကြမ်းခက်မှု ဖြစ်ပွားတဲ့ ကမ်းခြေနေရာကို အရင်နေ့တွေကသွားနေကျ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့် ပစ်ခတ်မှုဖြစ်တဲ့နေ့ကတော့ ကမ်းခြေမှာသူတို့ ရှိမနေခဲ့ပါဘူး။

အဓိက အကြောင်းရင်းကတော့ ပစ်ခတ်မှု ဖြစ်တဲ့အချိန်မှာ သူတို့ စုံတွဲဟာ ဟိုတယ်လ်ခန်းထဲမှာ အရက်နာကျပြီး အိပ်ပျော်နေကြလို့ပဲ ဖြစ်ပါတယ်။

သူတို့ဟာ ကမ်းခြေကို ဆင်းဖို့ အစီအစဉ်ရှိပေမယ့်လည်း စတုတ်မြို့က စုံတွဲနဲ့ ဂျင်နဲ့ တို့နစ်တွေ သောက်ခဲ့ပြီး အရက်နာကျနေလို့ ကမ်းခြေကို မဆင်းဖြစ်ခဲ့ကြပါဘူး။

တီဗီသတင်းကို ကြည့်တဲ့အခါမှ ပစ်ခတ်မှုဟာ သူတို့တည်းတဲ့ ဟိုလ်တယ်ကနေ နှစ်မိနစ်လောက် လမ်းလျှောက်ရင် ရောက်နိုင်တဲ့ ကမ်းခြေမှာ ဖြစ်ကြောင်း သိရပါသတဲ့။

(TMW) - သစ်ထူးလွင်
Ref: Mirror

မှတ်ချက်များ