သုံ့ပန်းအနေနဲ့ ဖမ်းဆီးရမိထားတဲ့ ရာဇီဒီဘာသာနဲ့ ခရစ်ယာန်ဘာသာ အမျိုးသမီးတွေဟာလည်း လက်ထိပ်တွေအတွဲလိုက်တပ်ခံရပြီး IS တိုက်ခိုက်ရေးသမားများရဲ့ မိန်းမတွေအဖြစ် ရောင်းစားခံရဖို့အတွက် လိင်ကျွန်ဈေးကွက်ကို အစုလိုက်ပို့ဆောင်ခံခဲ့ရပါတယ်။
ဒီလိုငရဲဆန်ဆန် မြို့တော်ကြီးဟာတော့ de facto IS မြို့တော်ဖြစ်လာရာ ဆီးရီးယားမြို့တော် Raqqa ပဲဖြစ်ပါတယ်။ ဂီတ၊ အက၊ ပျော်ရွှင်မှုတွေ မရှိတော့တဲ့၎င်းမြို့ကြီးမှာ ယောကျာ်း၊ မိန်းမ အတူမနေနိုင်တော့တဲ့ အပြင် မိန်းမလျာတွေဟာလည်း မိစ္ဆာ ဒိဌိအနေနဲ့ အသတ်ခံခဲ့ရပါတယ်။
“တချို့ တိုက်ခိုက်ရေးသမားတွေဟာ စိတ်ကြွဆေးတွေ သုံး၊ တချို့ကျတော့ လိင်မှုကျူးနေကြတယ်။ အမျိုးသမီးတစ်ယောက်တည်းကို အလှည့်နဲ့ မိန်းမလုပ်တာတွေကတော့ လူမဆန်လှပါဘူး။” လို့ Abu Ibrahim အမည်ရှိ ရဲရင့်တဲ့ သဘောထားကွဲလွဲသူ တစ်ဦးက သတင်းထောက် Andrew Malone ကိုပြောပြခဲ့ပါတယ်။
( Skyler ) - သစ်ထူးလွင်
Ref : Dailymail

မှတ်ချက်များ