ဆမ်ဆောင်း က အသစ် ထွက်လာတဲ့  Safety Truck ကုန်ကား အကြောင်း သိကောင်းစရာများ
ကားတစ်စီးနဲ့တစ်စီးကျော်တက်ရမှာ အရင်လိုမခက်ခဲဖို့ Samsung ကနည်းပညာ အသစ်တစ်ခုကိုတီထွင်လိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ကမ္ဘာပေါ်မှာနေ့စဉ်နဲ့အမျှ ကားကျော်တက်မှုကြောင့် ဖြစ်ပျက်နေတဲ့မတော်တဆမှုတွေကိ လျော့ချဖို့ပဲဖြစ်ပါတယ်။ Safty Truck နည်းပညာရဲ့အားသာချက်တွေကတော့ အောက်ပါအချက်တွေပဲဖြစ်ပါတယ်။
(၁) ကား၏ နောက်မှ လိုက်လာသော ကားမောင်းသူ အနေဖြင့် ရှေ့ကား၏ရှေ့တွင် ကားရှင်းမရှင်းကြည့်နိုင်ခြင်း
(၂)Samsung Safety Truck ကား၏ ပတ်ဝန်းကျင်ကင်မရာများ မှတဆင့်viedo ကို ကြိုးမဲ့ စနစ်ဖြင့် ကားနောက် TV Screen မှာ ပြသနေခြင်း
(၃) နေ့ဘက်တွင်သာမက ညဘက်မှာပါအသုံးဝင်ခြင်းတို့ပဲဖြစ်ပါတယ်။Samsung ရဲ့ စမ်းသစ်တဲ့ဒီ idea ဟာလည်း ဒီတစ်ကြိမ်မှာအောင်မြင်အုံးမယ်လို့မျှော်လင့်မိပါတယ်။ မတော်တဆမှုတွေကို လျော့ချနိုင်မှာဖြစ်တဲ့ နည်းပညာအသစ်တစ်ခုကို Red Dot ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ.
reddotnetwork

မှတ်ချက်များ