ရည်းစားဟောင်း A$AP Rocky ရဲ့ အခွေနာမည်ကို ရေးထိုးထားတဲ့တက်တူးအား အပြီးသတ်ဖယ်ရှားနိုင်ဖို့ Iggy Azalea ထပ်မံကြိုးစား



ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလတုန်းက သြစတြေးလျ ရပ်အဆိုတော် မလေး Iggy Azalea ဟာ သူမရဲ့ ရည်းစား ဟောင်း A$AP Rocky ရဲ့ နာမည်ကို ရေးထိုးထားတဲ့ တက်တူးကို သူမရဲ့ လက်သူကြွယ်ကနေ ဖယ်ရှားပစ်ဖို့အတွက် တက်တူးဖျက်တဲ့ ဆေးခန်းတစ်ခုကို သွားရောက်ခဲ့ပါတယ်။ အခုတော့ သူမဟာ ဘတ်စကတ်ဘော ကစားသမား Nick Young နဲ့ လက်ထပ်နိုင်ဖို့အတွက် စေ့စပ်ပြီးသွားခဲ့ပါပြီ။ ဒါကြောင့်လည်း Iggy Azalea ဟာ သူမရဲ့ ရည်းစားဟောင်း အကြောင်း ရေးထိုးထားတဲ့ တက်တူးကို အပြီးသတ် ဖယ်ရှားပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

ပထမတစ်ကြိမ်ကလည်း ထိုတက်တူး ကို ဖယ်ရှားဖို့ Iggy က ကြိုးစားခဲ့ပေမယ့် တက်တူးဖျက်ခြင်းဟာ တစ်ကြိမ်တည်းနဲ့ အပြီးသတ် မဖယ်ရှားနိုင်တဲ့အတွက် နောက်တစ်ကြိမ် ကြိုးစားခြင်းပဲ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်သာ ရှိသေးတဲ့ Iggy Azalea ဟာ အင်္ဂါနေ့က ကယ်လီဖိုးနီးယားပြည်နယ် ၊ ဘီဗာလီဟေးလ် မြို့မှာရှိတဲ့ Epione ဆိုတဲ့ ခွဲစိတ်ပြုပြင်ရေး စင်တာ တစ်ခုကနေ သူမရဲ့ လက်ချောင်းတွေမှာ ပလာစတာ များပတ်ပြီး ထွက်လာတာကိုတွေ့ခဲ့ရပါတယ်။

Fancy သီချင်းနဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ Iggy Azalea ဟာ သူမရဲ့ ဘယ်ဘက် လက်ချောင်းတွေမှာ ရည်းစားဟောင်း A$AP Rocky ရဲ့ အခွေနာမည် ဖြစ်ခဲ့တဲ့ Live ၊ Love ၊ ASAP ဆိုတဲ့ စာလုံး ၃ လုံးကို လက်တစ်ချောင်းဆီမှာ တစ်လုံးစီ ထိုးထားခဲ့တာဖြစ်ပါတယ်။ ပထမတစ်ကြိမ်က ASAP ဆိုတဲ့ စာသား တစ်ခုတည်းကိုသာ ဖျက်ဖို့ကြိုးစားခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ စာသား အားလုံးကို ဖယ်ရှားနိုင်ဖို့ Iggy က ကြိုးစားခဲ့ပြန်ပါတယ်။ 

 သူမ ထွက်လာတဲ့ ခွဲစိတ်ပြုပြင်ရေးစင်တာဟာ တက်တူးဖျက်တဲ့ ဆိုင်မဟုတ်ပေမယ့်လည်း ရရှိနိုင်တဲ့ ၀န်ဆောင်မှုတွေထဲမှာတေ့ တက်တူးဖျက်ခြင်းလည်း ပါဝင်နေပါတယ်။ သူမဟာ အခုတစ်ခေါက် တက်တူးဖျက်ဖို့အတွက် အနည်းဆုံး ဒေါ်လာ ၅၀၀ ကနေ ဒေါ်လာ ၃၀၀၀ ကြားမှာ ကျသင့်ခဲ့နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ Iggy Azalea ဟာ အခြားတက်တူးတွေအနေနဲ့လည်း ညာဘက်လက်မှာ ဗီးနပ်စ် နတ်ဘုရားပုံ နဲ့ "Trust Your Struggle" ဆိုတဲ့စာသား ကိုထိုးထားပြီး ညာဘက်ခြေခုံမှာလည်း "Colour Me Free" ဆိုတဲ့ စာသားကို ရေးထိုး ထားပါတယ်။

 သူမရဲ့ အခုဖျက်လိုက်တဲ့ Live.Love.ASAP ဆိုတဲ့စာသားတွေရဲ့ ဆန့်ကျင်ဘက် လက်ချောင်းတွေမှာလည်း The New Classic ဆိုတဲ့စာသား ၃ ခုကို လက်ချောင်းတစ်ချောင်းစီမှာ ရေးထိုးထားပါသေးတယ်။ သူမရဲ့ ညာဘက်လက်က ဗီးနပ်စ် နတ်ဘုရားပုံကတော့ အရင်တုန်းကထိုးထားတဲ့ ပန်းပွင့်ပုံကို ပြန်လည်ဖုံးအုပ်ထားတဲ့ Covered-Up တက်တူးတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

Trend Myanmar

မှတ်ချက်များ