![]() |
| ဓာတ်ပုံ – wesh.com |
ဟီသာချာလီဘွိုက်စ်က နာကျင်မှုကို ခံစားရပေမယ့် ဒါဟာ မီးရှုးမီးပန်းကြောင့် ဖြစ်မယ်ထင်ပြီး ဆေးရုံကို သွားခဲ့တယ်လို့ ဒေသခံ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
ဒီနောက် ဆရာဝန်တွေက ပွိုင် ၃၈ သေနတ်ကျည် ပေါင်မှာ ၄ စင်တီမီတာလောက် ၀င်နေတာကို သိရှိခဲ့ရတာ ဖြစ်ပါတယ်။
ဒါဗင်ချီ ကဖေး ပေါ်တီကိုမှာ ထိုင်နေစဉ် ခြေထောက်မှာ နာကျင်မှု ခံစားရတဲ့အတွက် ရေချိုးခန်းထဲမှာ သွားစစ်ရာမှာ သွေးအနည်းငယ်ကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
သေနတ်ပစ်ဖောက်တဲ့ သတင်းမရပေမယ့် အဝေးတနေရာကနေ တယောက်ယောက်က သေနတ်နဲ့ ပစ်လိုက်တာလို့ ထင်မှတ်တဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါအပြင် သေနတ်ပစ်တဲ့ လက်သည်ကိုလည်း ရဲတွေက ရှာဖွေနေပါတယ်။
DVB



မှတ်ချက်များ