အဆင်သင့်ပဲဆိုတဲ့ ထက်ယံ
အဆိုလောကမှာ ပရိသတ်လက်ခံထားတဲ့ လူငယ်အဆိုရှင်တစ်ဦးဖြစ်တဲ့ ထက်ယံက သရုပ်ဆောင် အနုပညာရှင်ဘ၀ကို လျှောက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။
“ကျွန်တော်ဒီလိုအဆိုပိုင်းအတွက် ကျွန်တော့်ဘက်က အတော်အသင့်အောင်မြင်မှု ရပြီလို့ထင်ပါတယ်၊ ဒါကြောင့်သရုပ်ဆောင်ပိုင်းကိုပါခြေလှမ်းဖို့ ကျွန်တော် လေ့လာနေတယ်။ နောက်ပြီးတော့ သရုပ်ဆောင်ပိုင်းအတွက် ကျွန်တော့်ဘက်က သရုပ်ဆောင်ဖို့ပြည့်စုံတဲ့ အချိန်နဲ့ တိုက်ဆိုင်သွားရင်၊ သရုပ်ဆောင်တစ်ယောက် အနေနဲ့ ပရိသတ်တွေ့ရမှာဦးပါလို့” ပြောသွားပါတယ်။
ထက်ယံက သူ့ရဲ့တစ်ကိုယ်တော် သီချင်းခွေအတွက် ပြင်ဆင်နေတာ သီချင်းရှစ်ပုဒ်လောက်ပြီးသွားပြီလို့ ပြောပါတယ်။ နယ်ရှိုးပွဲတွေလည်း လက်ခံထားကြောင်း ပြောပါတယ်။
The Messager

မှတ်ချက်များ