ဆေးလိပ်သောက်ခွင့် ပိတ်ပင်မှုကြောင့် သြစတြေးလျ အကျဉ်းထောင်ဆူပူမှုဖြစ်


သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင်တခုမှာ ဇွန် ၃၀ ရက်နေ့က ဆေးလိပ်သောက်သုံးမှု ပိတ်ပင်တာကို မကျေနပ်လို့ ထောင်ဆူပူမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အကျဉ်းထောင် ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့လို့ ထောင်ဝန်ထမ်းတွေကို ကယ်ဆယ်ခဲ့ရတယ်လို့ ဒေသခံသတင်းတွေမှာ ဖော်ပြပါတယ်။

မဲလ်ဘုန်းမြို့ ရာဗင်ဟောလ်မြို့နယ်က အကျဉ်းထောင်ဖြစ်ပြီး မျက်နှာအုပ်ထားတဲ့ အကျဉ်းသား ၃၀၀ လောက် ဒီထောင်ဆူပူမှုမှာ ပါဝင်ခဲ့ကြတယ်လို့ အေဘီစီရုပ်မြင်သံကြားမှာ ဖော်ပြပါတယ်။

ဝိတိုရိယရဲမင်းကြီးက ထောင်လုံခြုံရေးဝန်ထမ်း ထိခိုက်ဒဏ်ရာရခြင်း မရှိတာကို ထုတ်ပြန်ခွင့်ရတာကြောင့် ၀မ်းသာတယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ပြည်နယ်အတွင်း အကျဉ်းထောင်တွေမှာ ဆေးလိပ်သောက်သုံးခွင့်ကို ဇွန် ၃၀ ရက်နေ့က ဥပဒေနဲ့ စတင်ပိတ်ပင်ပါတယ်။

DVB

မှတ်ချက်များ