တရုတ်ခရီးသွားများကြောင့် နိုင်ငံတချို့ မကြုံစဖူး စည်းကမ်းသတ်မှတ်ချက်/ကြေငြာချက်တွေထုတ်ခဲ့ရ
တရွေ့ ရွေ့ များပြားလာသောတရုတ်နိုင်ငံသားပြည်ပခရီးသည်များရဲ့ ပရမ်းပတာစည်းကမ်းမဲ့မှုကို သည်းမခံနိုင်တော့တဲ့ ဂျပန်နဲ့ ထိုင်ဝမ်နိုင်ငံလေဆိပ်တွေဟာ စည်းကမ်းသတ်မှတ်ချက်/ကြေငြာချက်တွေကိုမကြုံစဖူးထုတ်လာရတဲ့အထိဖြစ်လာပါတယ်။
ပြည်ပနိုင်ငံသို့ ရောက်ရှိစဉ် ရန်ဖြစ်နေသည့်အလားကျယ်လောင်စွာစကားပြောနေခြင်း/လေယာဉ် Boarding တက်ခါနီး သူတို့ ထဲမှတစုံတယောက်ရှေ့ မှာရှိပါက နောက်မှာစနစ်တကျတန်းစီနေသူများကိုအလျင်းဂရုမပြုဘဲသူတို့ နိုင်ငံသားခရီးသည်များကိုလှမ်းအော်ခေါ်ခါအစုအပြုံလိုက်ကြားဖြတ်ဝင်ခြင်း/လေယာဉ်စောင့်ဆိုင်းစဉ် ပြည်ပထွက်ခွါခန်းမဆောင်၌မိမိဝယ်ယူသယ်ဆောင်လာသည့်အစားစာကိုလက်တွင်ကိုင်ဆောင်စားသုံးသည့်နိုင်ငံတကာခရီးသည်များကဲ့သို့ မဟုတ်ဘဲ အစားအစာများကိုခရီးသည်ထိုင်ခုံများပေါ်ဖြန့် ခင်းကာစိတ်ပြေနပြေစားသောက်လျက်ထိုင်ခုံတတန်းလုံး တခြားခရီးသည်များထိုင်မရဖြစ်စေခြင်း/ထိုင်းနိုင်ငံချင်းမိုင်လေဆိပ်တွင်ဖြစ်ပွါးခဲ့သည့် ၀တ်ဆင်ပြီးသည့်အတွင်းခံအ၀တ်အထည်များကို လေဆိပ်သန့် စင်ခန်းရှိရေနှင့်ဆပ်ပြာဆီကိုအသုံးပြုလျှော်ဖွတ်ပြီးသကာလ လေဆိပ်ခရီးသည်ထိုင်ခုံတန်းတွင်ဖြန့် လှန်းထားခြင်း /လေဆိပ်၌ Check-inလုပ်ပြီးဝန်စည်စလယ်များကိုအပ်နှံပြီးမှလေဆိပ်အတွင်းပိုင်း Duty-free အခွန်လွတ်ဆိုင်များတွင် အဆမတန်ပစ္စည်းများကိုလက်ဆွဲအဖြစ်ဝယ်ယူ(ခလေးနို့ မှုန့် ဒါဇင်စက္ကူဖါလိုက်-တရုတ်မိခင်များ သူတို့ ခလေးငယ်ကို Made in China နို့ မှုန့် မတိုက်ရဲဟု ကိုယ်တိုင်ထုတ်ဖေါ်ပြောဆို။
အော်တိုမက်တစ်သန့် စင်စနစ်ပါတဲ့အိမ်သာကြွေခွက်အထိုင်။ထမင်းဟင်းပေါင်းအိုး အထိဝယ်ယူ)ပြီး Boarding ရောက်မှအနိုင်ပိုင်းသည့်အနေဖြင့် လေယာဉ်ဝန်ထမ်းများအားထပ်အပ်နှံခြင်း/တံတွေးသလိပ်များကို လူလစ်လျှင်လစ်သလို အလွယ်တကူထွေးချခြင်း/အများနှင့်သက်ဆိုင်သောနေရာတွင် ဆေးလိပ်သောက်သည့်အပြင်သောက်ပြီးဆေးလိပ်တိုအား တရုတ်နိုင်ငံအတွင်းလမ်းပေါ်ဖြစ်သလိုပစ်သကဲ့သို့ ပစ်ချခြင်း/ပြည်ပပန်းခြံများရှိအလှရေကန်တွင်ခြေထောက်စိမ်/ဆေးခြင်း။ မတက်ရ ဆိုသည့်ဆိုင်းဘုတ်ကိုပါ ကျော်ခွလျက် ပြည်ပနိုင်ငံများရှိတန်ဘိုးထားအထိမ်းအမှတ်ရုပ်တုများပေါ်သို့  ကုတ်ဖက်တက်ဓါတ်ပုံရိုက်ခြင်း --- စသည့်ဖြစ်စဉ်များကြုံတွေ့ ခဲ့ပါက အဆိုပါခရီးသည်များဧ။် နိုင်ငံကူးလက်မှတ်များကို အထူးတလည်ကြည့်စရာမလိုပါ။
တရုတ်နိုင်ငံသားခရီးသည်တွေဟာ အဓိက ၂ချက်ကြောင့် လေဆိပ်အတွင်းဖက်ရောက်ပြီးမှ လက်ဆွဲဝန်စည်အဖြစ် ပစ္စည်းများကိုအတောမသတ်ဝယ်ယူလေ့ရှိပါတယ်။
၁။ Check-in လုပ်စဉ် အပ်နှံကုန်စည်ဝန်သတ်မှတ်ပမာဏထက်များပြားခဲ့ပါက တန်ပိုကြေးကို သက်ဆိုင်ရာလေကြောင်းလိုင်းမှတောင်းခံတာကို ကျော်လွားရန်
၂။ မြို့ တွင်းတွင်ဝယ်ယူခဲ့သည့်ပစ္စည်းများအားလေဆိပ်အထိကိုယ်တိုင်အလေးခံသယ်ဆောင်ရခြင်း/လေဆိပ်ရောက်မှ Duty Tax (VAT)ပြန်လည်လျှောက်ထားရယူခြင်းများမှ သက်သာရန်
သူတို့ ရဲ့ ကိုယ်ကျိုးတခုတည်းအတွက် အထက်ပါလုပ်ရပ်တွေကြောင့်/Boarding ရောက်မှအနိုင်ပိုင်းပြီးထပ်အပ်နှံကုန်စည်တွေဟာ များပြားလွန်းတာကြောင့် လေယာဉ်အတွင်းခန်း Hand Carry ပစ္စည်းထားရာအခန်းတွင်ဘယ်လိုမှမဆန့် ဘဲ လေယာဉ်ဝမ်းဗိုက်အောက်ရှိ ပိတ်ပြီးဖြစ်သော ကုန်စည်အခန်းကိုပြန်ဖွင့်ရပြီးလုပ်ဆောင်ရသည့်အတွက် တရုတ်နိုင်ငံသို့ ပျံသန်းသောလေယာဉ်ခရီးစဉ်အားလုံးနီးပါးဟာ လွန်ကဲစွာအချိန်နောက်ကျပြီးမှပျံသန်းနိုင်ခြင်း/နာရီခြားပြီးပျံသန်းတဲ့ နောက်ပိုင်းလေယာဉ်ခရီးစဉ်များလည်းကမောက်ကမဖြစ်ရခြင်း စသည့်မလိုလားအပ်သောဆိုးရွားရလဒ်တွေက အချိန်ကိုအရမ်းတန်ဘိုးထားပြီးတိကျတဲ့ဖွံ့ ဖြိုးပြီးနိုင်ငံတွေအနေနဲ့ ဘယ်လိုမှလက်မခံနိုင်စရာဖြစ်စေခဲ့ပါတယ်။
Heaven Jade











မှတ်ချက်များ