ဇူလိုင်လ ၂ ရက်နေ့ ည ၁၁ နာရီမှာ ထိုင်းနိုင်ငံတမုတ်ပကန် ခရိုင် Mansion Road Star Inn Moo 3.မှာ နေထိုင်နေသည့် မြန်မာနိုင်ငံသားတဦး (ရော်လ အသက်၃၁ နှစ်)မှာ လမ်းဘေးမှာ ဓါးဒဏ်ရာ တွေနဲ့ သွေးအိုင်ထဲ လဲနေတာကို တွေ့ ရလို့  သူ့ ကို ဆေးရုံသို့ အမြန်ပို့ ဆောင်ခဲ့ရပေမယ့် အရေးပေါ်လူနာဆောင်မှာ သေဆုံးသွား ခဲ့ကြောင်း သိရပါတယ်။
ထိုင်း ရဲတပ်ဖွဲ့ က သေဆုံးသူနဲ့  အနီးဆုံးနေရာ မှာ ရှိတဲ့ မြန်မာအလုပ် သမားတွေ နေထိုင်နေထိုင်ရာ တိုက်ခန်းတွေက cctv မှတ်တမ်းများကို စစ်ဆေးရာမှာ ရော်လက မသေဆုံးခင်အချိန်ပိုင်းအတွင်း မိန်းခလေးတဦးနှင့်အတူတွေ့ ခဲ့တာကို တွေ့ ရတာကြောင့် အဆိုပါ မိန်းခလေးအား လိုက်လံစုံစမ်းခဲ့ကြပါတယ်။
အမျိုးသမီးမှာ နန်ဒါအသက် ၂၉ နှစ် ဖြစ်ကြာင်းသိရှိခဲ့ရပြီးနောက် အခင်းဖြစ်ပွားသည့်နေ့ မှာဘဲ ယောက်ကျားဖြစ်သူနှင့်အတူ ထွက်ပြေးသွားခဲ့ပေမယ့် ဇူလိုင် ၅ရက်နေမှာ လင်မယားနှစ်ယောက်လုံး ဘန်ကောက်မှာ ဖမ်းမိခဲ့ပါပြီ။
သူမကိုအတင်းလိုက်ကြိုက်နေလို့  ယောက်ကျားနဲ့ တိုင်ပင်ပြီး ခုလို ကျူးလွန်မိခဲ့ပါတယ်လို့  ၀န်ခံတာကို ရဲစခန်းကတော့ မယုံပါဘူး။
အခင်းမဖြစ်ပွားခင် သေဆုံးသူမှာ နန်ဒါနှင့် ဖုန်းဖြင့် ရီးစားဖြစ်နေခဲ့သူဖြစ် ပါတယ်။
တနေ့ တော့ ကုန်တိုတ်မှာတွေ့ ကြရင်း သူမနဲ့  အိပ်ဖို့ ခေါ် သွားခဲ့ပါတယ်၊ ကြိုတင်ကြံစည်ထားတဲ့ အတိုင်း သူမ ယောက်ကျား အသင့်စောင့်နေတဲ့ နေရာဆီကို ဖျားယောင်းခေါ်ဆောင်သွားပြီးမှ ဓါးနဲ့ မသေမချင်းထိုးသတ်ပါတယ်၊ နောက်တော့ပါလာတဲ့ လက်ကိုင်ဖုန်းနဲ့  ထိုင်ဘတ်ငွေ ၅၀၀ ယူကာထွက်ပြေးသွား ခဲ့တာပါ။
Social Action for Women - SAW



မှတ်ချက်များ