အိပ်မက်ကိုယ်စီနဲ့ဘဝအောင်မြင်မှုပန်းတိုင်ဆီ အရောက်လှမ်းနေကြတဲ့ အေးအေးငြိမ်း၊အိအိငြိမ်း


မြန်မာနိုင်ငံမှာ ပြက္ခဒိန်ပိုစတာတစ်ခေတ်ရှိခဲ့ပါတယ်။ ပြက္ခဒိန် ပိုစတာရိုက်ကူးမှုတွေကနေ အနုပညာနယ်ပယ်ထဲကို ရောက်လာကြ သူတွေရှိခဲ့ပြီး ဒီနောက်ပိုင်းမှာ အနုပညာနယ်ပယ်နဲ့ ကင်းကွာသွားသူတွေ လည်းရှိပါတယ်။ အဲဒီကင်းကွာသွားသူတွေ ထဲမှာ အေးေ အးငြိမ်းနဲ့ အိအိငြိမ်းဆိုတဲ့ အâမွှာညီအစ်မနှစ်ယောက်လည်းပါပါတယ်။ သူတို့ ညီအစ်မကို ၁၉၉၁ခုနှစ်၊ သြဂုတ်လ ၄ရက်နေ့ က ဘီး လင်းမြို့၊ ဘီလင်း ဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ကတော့ ဦးဇော်မျိုးသက်ဖြစ်ပြီးတော့ မိခင်ကတော့ ဒေါ်အေးအေး မိုးပါ။ 

အမြွှာဖြစ် တာကြောင့် မွေးပြီးသိပ် မကြာခင်သြဂုတ် ၁၅ရက်နေ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သီတာ ကုန်းမြင့် တိုက်နယ်ဆေးရုံမှာ ခွဲစိတ်မှုခံ ယူခဲ့ရပါတယ်။ သူတို့ကို တိုက် နယ်ဆရာဝန်ဒေါက်တာ နေဝင်းထွန်းနဲ့အဖွဲ့က အဲဒီနေ့ည ၇နာရီ ၂၅ မိနစ်မှာ အောင်မြင်စွာခွဲစိတ်ကု သပေးနိုင်ခဲ့ပါတယ်။ သူတို့က တော့ ဧရာဝတီတိုင်း၊ ဝက်ကုန်းကျေးရွာဇာတိပါ။ ရင်ချင်းဆက်အမြွှာကို မြန်မာနိုင်ငံမှာ ပထမဆုံးရင် ချင်းဆက်ခွဲစိတ်အောင်မြင်သွားတော့ သူတို့ကို လူတွေ စိတ်ဝင်စားသွားကြပါတယ်။ အဲဒီကနေတစ်ဆင့် မူလတန်းအ ရွယ်မှာ ပြ က္ခဒိန် ပိုစတာတွေ ရိုက်ကူးခဲ့ရတာကနေ တစ်စထက်တစ်စ လူပိုသိလာခဲ့ပါတယ်။

 ပြက္ခဒိန်ပိုစတာတွေရိုက်ရင်းကနေ ဒါရိုက်တာ အဏ်ထော်ဏီ က နှောင်ကြိုးလေးတစ်မျှင်ဆိုတဲ့ ဇာတ်ကားမှာ ကျော်သူ၊ ရဲအောင်၊ မေသဉ္ဇာဦး၊ သိင်္ဂီထွန်းတို့နဲ့တွဲပြီး သူတို့ညီအစ်မနှစ်ယောက်ကို ပါဝင် သရုပ်ဆောင်စေခဲ့ပါတယ်။ သူတို့အနေနဲ့ ပြက္ခဒိန်ပိုစတာတွေ၊ ဇာတ်ကားတချို့ရိုက်ကူးခဲ့ပေမယ့် နောက်ပိုင်းမှာ အကြော င်းကြောင်းေ ကြာင့် အနုပညာနယ်ပယ်နဲ့ အလှမ်းဝေးကွာသွားခဲ့ပါတယ်။ အခုအချိန်မှာတော့ ပြင်ပ ပုဂ္ဂလိကကုမ္ပဏီတွေမှာ ကိုယ်စီအလုပ်တွေနဲ့ ဘဝ ကိုဖြတ်သန်းနေ ကြပါတယ်။

အကြီးဖြစ်သူ အေးအေးငြိမ်းကတော့ အလှကုန်ဆိုင်မှာ အလုပ်လုပ်နေတာ နှစ်နှစ်ဝန်းကျင်လောက်ရှိနေပါပြီ။ ” အလုပ်က အဆင်ပြေပါ တယ်။ ဒီအလုပ်ကို ဝါသနာပါတော့လေ။ အလှပြင်ရတာ သဘောလည်းကျတယ်။ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်အောင် ထိကြိုး စားမယ်။ နာမည်တစ်လုံး ကျန်ခဲ့အောင်ပေါ့။ အချိန်မပေးနိုင် သေးပါဘူး။ အခုအလုပ်က အလုပ်ချိန်တအားများ တယ်လေ။ ဖြစ်နိုင် ရင်တော့ ဒါကို အမြန်ဆုံးအကောင် အထည်ဖော်ချင်တာပေါ့” လို့ သူ့ရဲ့ အနာဂတ်ရည်မှန်းချက်တချို့ကို အေးအေးငြိမ်းက ပြောပါတယ်။

” အိအိက အငယ်ဆိုပေမယ့် လူကြီးဆန်တယ်။ တစ်ခါတလေ သူကတောင် ပြန်ပြောပြနေတတ်တယ်။ သူကသီချင်းဆိုတာကို ဝါသနာ ပါတယ်။ စိတ်တိုတတ်တယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပါပဲ” လို့ ညီမဖြစ်သူနဲ့ ပတ်သက်ပြီးပြောပါတယ်။ အေးအေးငြိမ်းက အနုပ ညာနဲ့ပတ်သက်ပြီး အခုအချိန်မှာ ဘာမှလှုပ်ရှားမှုမရှိတော့ပေမယ့် ကြိုကြားကြိုကြားတော့ ပြက္ခဒိန်တွေ ရိုက်ဖြစ်တယ်လို့လည်း ဆိုပါ တယ်။ တလောက ဖေ့စ်ဘုတ်စာမျက်နှာထက်မှာ သူတို့နာမည်နဲ့ Post တစ်ခုတက်လာခဲ့ပြီး ဒီ Post နဲ့ပတ်သက်ပြီး လူတိုင်းက ဇဝေ ဇဝါဖြစ်ခဲ့ရပါတယ်။ 

အဲဒီအပေါ်ကိုလည်း ” အဲဒီ Post တင်တဲ့အချိန်ဆိုင်မှာပဲရှိနေပါတယ်။ အင်တာနက်လိုင်းတောင်မဖွင့်ဖြစ် ဘူး။ ကောင် တာ အစ်မကြီးကလာပြောတော့မှ တအားအံ့သြသွားတာ။ ဒါပေမဲ့ စိတ်မဆိုးပါဘူး။ တင်တဲ့လူကိုတောင် ရယ်ချင်တယ်။ ဘာ လို့ဆို တစ်ခါမှမမြင်ဖူး၊ မတွေ့ဖူးဘဲနဲ့ လုပ်လိုက်တော့လေ” လို့ ပြောပါတယ်။ ညီမဖြစ်သူ အိအိငြိမ်းကတော့ Post တင်တဲ့လူအပေါ် သူ ဘာရည်ရွယ်ချက်နဲ့ တင်တာလဲဆိုတာကို သိချင်တယ်လို့ ပြောပါတယ်။

” မသိဘဲတင်တာလား၊ တမင်တင်တာလားမပြောတတ်ဘူး။ အဲဒီလိုရောင်းနေတာ ရှက်လို့တော့ မဟုတ်ပါဘူး။ ဘာပဲပြောပြော သူ ဘာရည်ရွယ်ချက်နဲ့တင်တယ်ဆိုတာတော့ သိချင်မိတယ်။ နာမည်ကို အလွဲသုံးစားလုပ်တဲ့ သဘော ဖြစ်နေတာပေါ့။ ဒီလောက်ပါပဲ။ ကျန် တာတော့ ဘာမှထွေထွေထူးထူး မရှိပါဘူး။ အခုနောက်ပိုင်းမှာ ဖေ့စ်ဘုတ်က မဟုတ်တာ အဟုတ်ထင်အောင် လျှောက် လုပ်ကြ တာ များတယ်လေ” လို့ ပြောပါတယ်။

အိအိငြိမ်းက သရုပ်ဆောင်အလုပ်ကို မကြောက်ပေမယ့် အခုအချိန်မှာ ပြန်လုပ်ဖြစ်တော့မှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။ ” ညီမက ငိုတဲ့အခန်းတွေကို ပိုင်ပါတယ်။ မျက်ရည်အတုတွေ မလိုဘူး။ ဝါသနာပါပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ လုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ အချိန်မပေးနိုင်သလို ပံ့ပိုးမှုကလည်း မရှိဘူးလေ။ ပြီးတော့ ညီမက ဒေါသထွက်လွယ်တယ်။ လုပ်ထား တဲ့အလုပ်တစ်ခုက လွဲချော် သွားရင် စိတ်ထိခိုက်တတ်တယ်။ ဒါကို ဆင်ခြင်ရမှာပေါ့” လို့ပြောပါတယ်။ သူ့အနေနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အမ်တီဗီတစ် ခုမှာ ဝင်ရောက်သရုပ်ဆောင်ထားပြီး ဂီတ ကိုဝါသနာပါပြီးတစ်ချိန်ကျရင် သီချင်းဆိုဖို့အထိ စဉ်းစားထားတယ်လို့ အိအိငြိမ်း က ပြော ပါတယ်။

” ဒါတွေက ပိုက်ဆံရှိမှပါ။ ပံ့ပိုး မှုတွေရှိမှလေ။ ရှိရင်တော့လုပ်မှာပေါ့။ ဒါပေမဲ့ အဓိက ဆံပင်ညှပ်တာကိုသင်ယူမယ်။ ဝါသနာလည်း ပါတော့ အဲဒါနဲ့ပဲ အသက်မွေးဝမ်း ကျောင်းပြုသွားမယ်။ လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိတတ်ကြပါတယ်။ ဒါပေမဲ့လည်း အခြေအနေနဲ့ အချိန်အခါပေါ့။ လက်ရှိဘဝထဲမှာ ပျော်တယ်လို့မဟုတ်ပေမယ့် အခုလက်ရှိ အခြေအနေကို ဒီအတိုင်းပဲပေးထား တာမို့လား၊ ဘာ ပဲဖြစ်ဖြစ် ဒီ့ထက်မြင့်တဲ့ ဘဝတစ်ခုကိုတည်ဆောက်နိုင်အောင် ကြိုးစားသွားမှာပါ” လို့ ယုံကြည်ချက်အပြည့်နဲ့အတူဖြစ်ချင်၊ လုပ်ချင်တဲ့ အကြောင်းကို အိအိငြိမ်းကပြောပြပါတယ်။ အိပ်မက်ကိုယ်စီနဲ့ဘဝအောင် မြင်မှုပန်း တိုင်ဆီအရောက်လှမ်းနေကြ တဲ့ အေးအေးငြိမ်းနဲ့ အိအိငြိမ်းတို့ ညီအစ်မနှစ်ယောက်ဟာ သြဂုတ် ၄ ရက်နေ့ဆိုရင် အသက် ၂၄ နှစ်ပြည့်ပြီ လည်း ဖြစ် ပါတော့ တယ်။

M ဘွယ် - Popular News

မှတ်ချက်များ