ဦးနှောက်သွေးကြော ပေါက်၍ ဆေးကုသမှုခံနေသည့်ကြံ့ ခိုင်ရေး ပါတီဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း သည်သတိပြန်ရလာပြီး ဦးခေါင်းအပါအဝင် နှာခေါင်း၊ ပါးစပ်တို့အား စက်များတပ်ဆင် ကုသနေရကြောင်း ကြံ့ခိုင်ရေးပါတီဗဟိုအ လုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးအ တွင်းရေးမှူး ဦးသာဝင်းက ဇူလိုင် ၁၁ရက် မွန်းလွဲပိုင်းက ဖလားဝါးနယူးစ်သို့ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ၏ အတိုင်ပင်ခံ ဖြစ်သူ ဦးအောင်သောင်း၏အခြေအနေကို နားစွင့်နေသူဦးသာဝင်းက ''သူကသတိလေး တော့ပြန်ရလာတယ်။ ဒါပေမဲ့ သူ့ကိုတော့ စက်တွေတပ်ပေးထားရတယ်။ သတိပဲရသေး တာ စကားတော့မပြောနိုင်သေးဘူး''ဟုပြော သည်။
ဇူလိုင်၉ရက်တွင် စင်ကာပူနိုင်ငံ သို့သွားရောက်၍ ဆေးကုသမှုခံယူနေရသည့်ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်
ပင်ခံ ဦးအောင် သောင်းသည် စင်ကာပူဆေးရုံတွင် ဆေးကု သမှုရက်အတန်ကြာခံယူရဦးမည်ဟု ¤င်းက ဆက်လက်ပြောသည်။
ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအတိုင် ပင်ခံ ဦးအောင်သောင်းသည် ဇူလိုင် ၈ ရက်က ဦးနှောက်သွေးကြောပေါက်၍ ဦး နှောက်ထဲ သွေးဝင်ကာနေပြည်တော်ရှိ ခုတင်(၁ဝဝဝ)ဆေးရုံတွင် တက်ရောက်ကုသ သော်လည်း သတိမရ၍စင်ကာပူဆေးရုံသို့ ထိုနေ့တွင်ပင် လေယာဉ်ဖြင့်ပို့ဆောင်ကုသ ခဲ့ရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံ ဦးအောင် သောင်းသည် လာမည့် နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ဝင် ရွေးရန်၊ မရွေးရန်မသေချာသေးသလိုဝင် ရောက် အရွေးချယ်ခံရန်လည်း အစီအစဉ် သိပ်မရှိကြောင်း ရန်ကုန်တိုင်းမ်တို့ ဇူလိုင် ပထမရက်တစ်ပတ်က ပြောသည်။
ညီတူး - Yangon Media Group

မှတ်ချက်များ