အန်အယ်ဒီပါတီ ရွေးကောက်ပွဲ ဝင်မယ်
နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲမှာ အန်အယ်ဒီပါတီ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကပြောလိုက်ပါတယ်။
စနေနေ့က နေပြည်တော်မှာ ပါတီ ဗဟိုကော်မီတီ အစည်းဝေး ကျင်းပပြီးတဲ့နောက် အဲဒီလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို တရားဝင် ကြေညာပြီးတဲ့အခါ ကျရင် ရွေးကောက်ပွဲ ဝင်မဝင် ထုတ်ဖော်ကြေညာမယ် လို့ ဒေါ်အောင်ဆန်းစုကြည်က စောစောပိုင်းမှာ ပြောထားခဲ့ပါတယ်။
ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၈ ရက်နေ့မှာ ထုတ် ပြန်ခဲ့ပြီးတဲ့နောက် အန်အယ်ဒီ ကဗဟိုကော်မီတီ အစည်းဝေးကို အမြန်ခေါ်ယူ ခဲ့တာဖြစ်ပါတယ်။
BBC Burmese

မှတ်ချက်များ