ဆေးလိပ်ဆန့်ကျင် ကာကွယ်စောင့်ရှောက်ရေး လုပ်ဆောင်ချက်များ
အရှေ့တောင်အာရှဒေသအတွင်း ဆေးလိပ်သောက်သုံးသူ ကာကွယ်စောင့်ရှောက်ရေး လုပ်ဆောင်ချက်များ အကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယခုလိုပဲပြောသွားခဲ့ပါတယ်။
“ဆေးလိပ်အခွန် တိုးမြှင့်ကောက်ခံခြင်းဟာ ဆေးလိပ်ထိန်းချုပ်ရေးအတွက် အထိရောက်ဆုံးပါပဲ။ ဒါဟာ အစိုးရ အခွန်ဘဏ္ဍာအတွက် တင့်သင့်မျှတတဲ့ ချဉ်းကပ်မှုတစ်ခုပါပဲ။ ပြည်သူတွေဟာ ဈေးကြီးတဲ့ ဆေးလိပ်ကအစ ဈေးပေါတဲ့ဆေးလိပ်တွေအထိ ဘာကိုမှမရွေးချယ်ချင်လောက်အောင် ဆေးလိပ်အားလုံးကို အစိုးရတွေက အခွန်ကောက်ဖို့လိုအပ်ပါတယ်။” လို့ အရှေ့အာရှဒေသဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာ Poonam Khetrapal Singh ကပြောသွားပါတယ်။
“ယခုလောလောဆယ် နိုင်ငံအများစုမှာ စီမံခန့်ခွဲဖို့ခက်ခဲတဲ့ အခွန်ကောက်ခံမှု ရှုပ်ရှုပ်ထွေးထွေးတွေ ရှိနေရုံသာမက ဆေးလိပ်စည်းကြပ်ခွန်ရဲ့ ကျန်းမာရေးနဲ့ အခွန်ဘဏ္ဍာအပေါ် အားနည်းစေတဲ့ လွတ်ပေါက်တွေရှိနေပါတယ်။” လို့ သူမက ထပ်မံပြောကြားခဲ့ပါတယ်။
ဆေးလိပ်ကြောင့် နှစ်စဉ်သေဆုံးသူပေါင်း ၆သန်းရှိပြီး ၄င်းတို့အနက်က ၂၀ရာခိုင်နှုန်းဟာ ကမ္ဘာ့ဆေးလိပ်သောက်သုံးသူတွေ ၂၅ရာခိုင်နှုန်းရှိတဲ့ ဒေသတွေမှာ နေထိုင်ကြပါတယ်။
ဆေးလိပ်ဆန့်ကျင် ကာကွယ်စောင့်ရှောက်ရေး လုပ်ဆောင်ချက်တွေအနေနဲ့ ၂၀၁၂ခုနှစ်နဲ့ ၂၀၁၄ခုနှစ် ကြားမှာ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယနဲ့ မော်ဒိုဗ် တို့မှာ အခွန်တိုးမြှင့်ကောက်ခံရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
( Skyler ) - သစ်ထူးလွင်
Ref : The Times of India

မှတ်ချက်များ