![]() |
| ဓာတ်ပုံ - nzfootball.co.nz |
မြန်မာအသင်းက နယူးဇီလန်နဲ့ ယူအေအီး ဘောလုံးအဖွဲ့ချုပ်တွေထံ ခြေစမ်းပွဲကစားဖို့ ဇွန် ၂၅ ရက်က ကမ်းလှမ်းခဲ့တာကို ဒီအသင်းတွေက သဘောတူတယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ထုတ်ပြန်ခဲ့ပြီးနောက် နယူးဇီလန်အသင်းက ရန်ကုန်မှာ ကစားဖို့ ထုတ်ပြန်လိုက်တာပါ။
ရုရှားနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ သမုဒ္ဒရာပိုင်းဇုန် ခြေစစ်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်တဲ့အနေနဲ့ နယူးဇီလန်အသင်းရဲ့ အာရှခရီးစဉ်ဟာ အရေးပါတဲ့ ခရီးစဉ်ဖြစ်တယ်လို့ နယူးဇီလန် ဘောလုံးအရည်အသွေးမြင့်တက်ရေး ညွှန်ကြားရေးမှူး ဖရက်ဒီဂျောင်းက ပြောပါတယ်။
မြန်မာအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် တောင်ကိုရီးယားအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးထားသလို လာအိုနဲ့ ၂ ဂိုးစီ သရေကျထားပါတယ်။
မြန်မာအသင်းဟာ နယူးဇီလန်အသင်းနဲ့ ၂ ကြိမ် ကစားခဲ့ဖူးပါတယ်။ ၁၉၇၆ ခုနှစ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မှာ ကစားတဲ့ပွဲမှာတော့ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားသလို ၁၉၈၀ ကွာလာလမ်ပူမှာတော့ ၁ ဂိုးစီ သရေကျထားပါတယ်။
မကြာသေးမီက ကျင်းပခဲ့တဲ့ ဖီဖာ ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ မြန်မာအသင်းက နယူးဇီလန်ကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။
DVB

မှတ်ချက်များ