ကန်ဒေါ်လာ သန်း၅၀၀ တန် ဒေတာစင်တာသစ် တစ်ခု ဆောက်လုပ်မယ့် Facebook


Facebook ဟာ အမေရိကန် တက္ကဆက်ပြည်နယ်အတွင်း ဒေတာစင်တာသစ်တစ်ခုကို ဆောက်လုပ်သွားဖို့ အစီအစဉ်များကို ဇူလိုင်လ ၇ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ၄င်းဒေတာစင်တာသစ်ဟာ အမေရိကန်နိုင်ငံအတွင်း Facebook ပိုင် ၄ခုမြောက် ဒေတာစင်တာဖြစ်ပြီး အားလုံးထဲမှာတော့ ၅ခုမြောက်ဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာဒေတာစင်တာအတွက် Facebook ဟာ ကန်ဒေါ်လာ အနည်းဆုံး သန်း၅၀၀ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး အချိန်ပြည့်ဝန်ထမ်း အနည်းဆုံး အယောက် ၄၀ ခန့်အပ်သွားမှာဖြစ်တယ်လို့ Facebook မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

Facebook ဟာ ၄င်းရဲ့ပထမဆုံး ဒေတာစင်တာကို အော်ရီဂွန်ပြည်နယ်မှာ ၂၀၁၁ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

( Skyler ) - သစ်ထူးလွင်
Ref : India Today

မှတ်ချက်များ