စိတ်ကြွဆေး ၈သိန်းကျော် ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီးရမိ
ထိုင်းနိုင်ငံ ချင်းရိုင်နယ်မှာ မက်သာဖက်တမင်း စိတ်ကြွဆေး ၇သိန်း၂သောင်းကို ယနေ့နံနက်က ဖမ်းဆီးရမိလိုက်တယ်လို့ Bangkok Post သတင်းမှာ ဆိုပါတယ်။
ဒွိုင်လွမ်းစစ်တပ်စစ်ဆေးဂိတ်က Thanadol Jaimasit ဆိုသူ မောင်းနှင်လာတဲ့ ပစ်ကပ်ကားကို ရပ်တန့်ရှာ ဖွေရာ တာပေါ်လင်အမိုးအုပ်အောက်မှ စိတ်ကြွဆေးများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလားတူ မနေ့ကလည်း စိတ်ကြွဆေး ၉၈၀၀၀ကို ရဲနှင့် စစ်တပ် ပူးပေါင်းဂိတ်က လူငယ်တဦးထံမှ ဖမ်းဆီးရမိခဲ့သေးလို့ သိရပါတယ်။
အဆိုပါ ဖမ်းဆီးမှု ၂ရပ်ပေါင်းတွင် စိတ်ကြွဆေးပြား ၈သိန်း ၁သောင်း ၈ထောင်ဖမ်းဆီးရမိခြင်းဖြစ်ပါတယ်။
မြန်မာနယ်စပ်နှင့်နီးသည့် ချင်းရိုင်ပြည်နယ်မှာ ထိုင်းရဲတပ်ဖွဲ့နှင့် စစ်တပ်မှ ပူးပေါင်းဂိတ်များ ဖွင့်လှစ်ကာ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အမြဲမပြတ်စစ်ဆေးလျှက်ရှိပါတယ်။
ဧရာဝတီ

မှတ်ချက်များ