ဟယ်ရီကိန်းကို ဘောလုံးကစားဖို့ ဖိတ်ခေါ်ခဲ့တဲ့ ၆နှစ်အရွယ် ကလေးငယ်

Photo_dailymail
မနက်ဖြန်ညမှာ အင်္ဂလန်က ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် ဝင်ဘလေမှာ အက်စ်တိုးနီးယားနဲ့ ရင်ဆိုင်ရမှာပါ။

အင်္ဂလန် တိုက်စစ်မှာ အသင်းခေါင်းဆောင် ဝိန်းရွန်နေး ဒဏ်ရာကြောင့် မပါဝင်နိုင်လို့ လူငယ်တိုက်စစ်မှူး ဟယ်ရီကိန်း ပွဲထွက်ခွင့် ရဖို့တောင် အလားအလာ ရှိနေပါတယ်။

မနက်ဖြန်ညနေမှာပဲ ဟယ်ရီကိန်းနဲ့ ကစားခွင့်ရရှိဖို့ ဖိတ်ခေါ်ခဲ့သူ တစ်ယောက် ရှိပါတယ်။

အဲဒီသူကတော့ အသက်၆နှစ် အရွယ် ကလေးငယ် တစ်ဦးဖြစ်ပြီး နာမည်က အော်စကာ လူကီယာနိုလို့ ဖြစ်ပါတယ်။

အော်စကာရဲ့ အစ်ကိုဖြစ်သူ အန်ဒရူးက အော်စကာ လက်ရေးနဲ့ ရေးသားပြီး တောင်းဆိုထားတဲ့ စာကို တွစ်တာက တစ်ဆင့် ဟယ်ရီကိန်းကို အသိပေး ပြောဆိုခဲ့တာပါ။

အော်စကာရဲ့ စာမှာ ရေးသားထားတာကတော့

“သို့

ဟယ်ရီကိန်း၊

ကျေးဇူးပြုပြီး ကျွန်တော့်အိမ်ကို လာပြီး ကျွန်တော်နဲ့ ဘောလုံး ကစားနိုင်မလား၊ သောကြာနေ့ ညနေ ၄း၀၀မှာပါ၊

ချစ်သော အော်စကာ၊

အိမ်အမှတ် ၈၀၊ အက်ခ်ျဘီ၊

စပါးကို ချစ်တယ်”

လို့ ရေးသား ဖော်ပြထားတာပါ။

အန်ဒရူးက အဆိုပါ လက်ရေးစာကို ဓာတ်ပုံရိုက်ပြီး တွစ်တာကတစ်ဆင့် အော်စကာထံ မေးမြန်းခဲ့တာပါ။

ဟယ်ရီကိန်းက တွစ်တာမှ တစ်ဆင့် အကြောင်းပြန်ခဲ့ရာမှာ “တကယ်ကောင်းတဲ့ လက်ရေးစာပါ၊

ကျွန်တော် ရွိုင်းဟော့ဆန်ကို မေးလိုက်ပါဦးမယ်၊ ဒါပေမယ့် ကျွန်တော် ဝင်ဘလေမှာပဲ ရှိနေရမယ် ထင်ပါတယ်၊

ပျော်ရွှင်စွာ ကစားနိုင်ပါစေ”လို့ ပြန်လည် အကြောင်းပြန်ခဲ့တာပါ။

အင်္ဂလန်အသင်း ပွဲစဉ်သာ မရှိရင် ဟယ်ရီကိန်းလည်း အော်စကာရဲ့ ကမ်းလှမ်းမှုကို လက်ခံမလား မဆိုနိုင်ပါဘူး။

aung sann moes / Planet Myanmar

မှတ်ချက်များ