နဖူးအလယ်မှာ မျက်လုံးတစ်လုံးတည်းပါတဲ့ကလေးငယ် အီဂျစ်မှာမွေးဖွား
နဖူးအလယ်မှာ မျက်လုံးတစ်လုံးတည်းသာပါတဲ့ကလေးငယ်ကို အီဂျစ်နိုင်ငံမှာ မွေးဖွားခဲ့ပြီး ဒီကလေးငယ်ဟာ ရက်ပိုင်းလောက်သာ အသက်ရှင်မယ်လို့လည်း သိရပါတယ်။
ဂရိဒဏ္ဍာရီလာ မျက်လုံးတစ်လုံးတည်းရှိတဲ့ လူ့ဘီလူးကြီးကိုအစွဲပြုပြီးပေးထားတဲ့ Cyclopia ဆိုတဲ့ သဘာဝဖြစ်စဉ်နဲ့လွဲချော်မှုကို ဒီကလေး ခံစားခဲ့ရတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
Cyclopia ဖြစ်စဉ်ဟာ အလွန်ရှားပါးတဲ့ မွေးရာပါချွတ်ယွင်းချက်ဖြစ်ပြီး ဒီလိုအဖြစ်မျိုးနဲ့မွေးလာတဲ့ကလေးတွေဟာ မွေးပြီးမကြာခင်မှာပဲ သေဆုံးသွားကြလေ့ရှိပါတယ်။
မျက်လုံး ၁ လုံးတည်းသာပါပြီး နှာခေါင်းမရှိတဲ့ ဒီကလေးငယ်ဟာ မိခင်ဝမ်းထဲမှာကတည်းက မျက်လုံးအိမ်ပုံမှန်မဖြစ်ပေါ်ခဲ့တာကြောင့် ဖြစ်ပါတယ်။
ဒီလိုဖြစ်စဉ်နဲ့မွေးလာတဲ့ကလေးအများစုဟာ နှလုံးဖွဲ့စည်းပုံလည်း မမှန်တာများလို့ ပြင်းထန်တဲ့ချွတ်ယွင်းချက်တွေနဲ့အတူ သေဆုံးမှုများပါတယ်။
ဆော်ဒီအာရေဗျသတင်းဝက်ဘ်ဆိုက်တစ်ခုမှာ ဖော်ပြထားချက်အရတော့ ဒီကလေးရဲ့မိခင်သောက်သုံးတဲ့ဆေးတွေ ဒါမှမဟုတ် ကိုယ်ဝန်ရှိစဉ်မှာ ဓာတ်ရောင်ခြည်သင့်မှုကြောင့် အခုလိုအဖြစ်ကြုံရတာလို့ သိရပါတယ်။
ဒီကလေးကို အီဂျစ်နိုင်ငံ အရှေ့မြောက်ဘက်ကမြို့တစ်မြို့ရဲ့ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ မွေးဖွားခဲ့ပြီး ရက်အနည်းငယ်သာ အသက်ရှင်နိုင်မယ်လို့ ဆရာဝန်တွေ ခန့်မှန်းထားတဲ့ သူ့ပုံကို မိသားစုဝင်တွေက ထုတ်ပြန်ပေးခဲ့ပါတယ်။
ဒီလိုဖြစ်စဉ်မျိုးဟာ မွေးဖွားမှု အကြိမ် ၁၀၀၀ မှာ ၄ ကြိမ်ဖြစ်ပေါ်နိုင်ပြီး အများစုကတော့ ကိုယ်ဝန်လစေ့တဲ့အထိ သက်တမ်းမရှည်ကြဘဲ အများအားဖြင့် တိရစ္ဆာန်တွေမှာ တွေ့ရလေ့ရှိပါတယ်။
ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ