၁၆ လွှာမှ ပြုတ်ကျခဲ့သည့် အမျိုးသမီး အသက်မသေ
ထိုင်းနိုင်ငံတွင် ၁၆ လွှာမှ ပြုတ်ကျလာသည့် အမျိုးသမီးတစ်ဦးကို မီးသတ်တပ်ဖွဲ့များက ကယ်တင်နိုင်ခဲ့ကြောင်း ဒေးလီးမေးလ် သတင်းစာက ဖော်ပြသည်။
အထပ်မြင့် အဆောက်အဦပေါ်မှ အဆိုပါအမျိုးသမီး ပြုတ်ကျလာချိန်တွင် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သူနာပြုများကကြီးမားသည့် ရေမြှပ်မွေ့ယာကို ကိုင်ဆောင်၍ တိုက်အောက်တွင် စောင့်ဆိုင်းနေခဲ့ကြပြီး ယင်းအမျိုးသမီးအနေဖြင့် ရေမြှပ်မွေ့ယာပေါ် ကျခဲ့ခြင်းကြောင့် အသက်ရှင်ခဲ့ခြင်းဖြစ်သည်။
သို့သော် အဆိုပါအမျိုးသမီးသည် အရှိန်ပြင်းထန်စွာဖြင့် ပြုတ်ကျ လာခြင်းကြောင့် ရေမြှပ်မွေ့ယာပေါ် ရောက်ချိန်တွင် သတိလစ်မေ့မြောနေခြင်းကြောင့် ဆေးရုံသို့ တင်ပို့ပြီး ကုသပေးခဲ့ရကြောင်း သိရသည်။
အထပ်မြင့်အဆောက်အဦပေါ်မှ အဆိုပါအမျိုးသမီး ပြုတ်ကျရခြင်း အကြောင်းရင်းနှင့် မည်သည့်အတွက်ကြောင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သူနာပြုများက တိုက်အောက်တွင် ကြိုတင်စောင့်ဆိုင်းနေရခြင်းဖြစ်ကြောင်း တိတိကျကျ မသိရသေးပေ။
Nz (ရိုးရာလေး)


မှတ်ချက်များ