အက်ရှ်အူရာပွဲတော်မှာ ဓားနဲ့ခေါင်းကိုရိုက်နေတဲ့ ကလေးငယ်ပုံတွေ ထွက်ပေါ်လာ










အက်ရှ်အူရာပွဲတော်မှာ ရှီးအိုက်မွတ်စလင်ယောက်ျားလေးတွေက ကိုယ့်ခေါင်းကိုယ် အသွားထက်တဲ့ဓားတွေနဲ့ ရိုက်နှက်နေပုံတွေ ပေါ်ထွက်လာခဲ့ပါတယ်။

တစ်ကမ္ဘာလုံးက မွတ်စလင်တွေ နှစ်တိုင်း ပါဝင်ဆင်နွှဲပြီး သွေးထွက်သံယိုများတဲ့ ကိုယ့်ကိုယ်ကိုယ်ရိုက်နှက်တဲ့ဒီပွဲတော်ဟာ အစ္စလာမ်ပြက္ခဒိန်ရဲ့ ၁၀ ရက်မြောက်ပွဲတော်နေ့ဖြစ်ပြီး တမန်တော်မိုဟာမက်ရဲ့မြေး ကာဘာလာတိုက်ပွဲမှာ သေဆုံးခဲ့တာကို ၀မ်းနည်းတဲ့အနေနဲ့ ကျင်းပတာလို့ သိရပါတယ်။

ဆွန်နီမွတ်စလင်တွေကတော့ ဒီနေ့ကို ကျေနပ်အောင်လုပ်တဲ့နေ့လို့ ခေါ်ဝေါ်ကြပြီး အီဂျစ်ဖာရိုးဘုရင်တွေလက်အောက်ကနေ အစ္စရေးလူမျိုးတွေ လွတ်မြောက်တဲ့ရက်မှာ ကျင်းပကြပါတယ်။

အခုထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေမှာတော့ အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်မှာ ခေါင်းကသွေးတွေ မျက်နှာပေါ်နဲ့ အဖြူရောင်ဝတ်စုံပေါ်ကျနေတဲ့ ကလေးငယ်တွေပုံပါဝင်ပြီး သူတို့ဘေးမှာတော့ အနက်ရောင်အပြည့်ဝတ်စုံနဲ့ သူတို့မိခင်တွေ ရှိနေပါတယ်။

ဒီပွဲတော်နေ့မှာ မွတ်စလင်ဘာသာဝင်တချို့ဟာ ကိုယ့်ကိုယ်ကိုယ်ရိုက်နှက်တာ၊ ကိုယ့်ရင်ဘတ်ကို ပြန်ရိုက်ပြီး ကြွေးကြော်တာတွေ လုပ်ကြပါတယ်။

အက်ရှ်အူရာပွဲတော်နေ့ကို အာဖဂန်နစ္စတန်၊ အီရန်၊ အီရတ်၊ လက်ဘနွန်၊ ဘာရိန်းနဲ့ ပါကစ္စတန်အပါဝင် မွတ်စလင်နိုင်ငံအများစုမှာ နိုင်ငံတော်အားလပ်ရက်အဖြစ် သတ်မှတ်ထားကြပါတယ်။

အခုနှစ်မှာတော့ အီရတ်ကဓာတ်ပုံတွေအပြင် နိုင်ငံလူဦးရေမှာ မွတ်စလင် ၅ ရာခိုင်နှုန်းလောက်ပါဝင်တဲ့ ဗြိတိန်မှာလည်း ဒီပွဲတော်ဆင်နွှဲပုံတွေ ထွက်ပေါ်လာပါတယ်။

ဗြိတိသျှမွတ်စလင်တွေဟာ မန်ချက်စတာမြို့ လမ်းတွေပေါ်မှာ ရင်ဘတ်ကို လက်ဝါးနဲ့ ကိုယ့်ဘာသာရိုက်ပြီး ပွဲတော်ဆင်နွှဲခဲ့ကြပါတယ်။

ဖြတ်သွားဖြတ်လာတွေဟာ အပေါ်ပိုင်းဗလာကျင်းနဲ့ အမျိုးသားရာပေါင်းများစွာက ရင်ဘတ်တွေကို လက်ဝါးနဲ့ရိုက်နေတာကို စိတ်ဝင်တစားဖြစ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ