အလုပ်လုပ်ရတာ သက်တောင့်သက်သာရှိစေမယ့် ခုံ





အထိုင်များတာက ကျွန်တော်တို့ ကျန်းမာရေးကို တော်တော် ဒုက္ခပေးပါတယ်။ မတ်တပ်ရပ်ပြီး အလုပ်လုပ်ရမယ်ဆိုပြန်တော့လည်း ဖနောင့်တွေက နာပါတယ်။

ကျွန်တော်တို့အားလုံး တိတ်တဆိတ် စိတ်ကူးတွေ ယဉ်ထားကြတဲ့ ခုံတစ်လုံးဟာ မျှော်လင့်မထားတဲ့ ရွေးချယ်စရာတစ်ခု ဖြစ်လို့လာပါပြီ။

ဒီခုံကို Altwork Station လို့ခေါ်ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် သွားဆေးကုခုံနဲ့ တူပါတယ်။ လိုသလို ပြင်လို့ရပါတယ်။ ပုံစံအမျိုးမျိုး ပြောင်းပြီး ခေါက်လို့လည်းရပါတယ်။ မတ်တပ်ရပ်ပြီး စာရိုက်နိုင်မယ်၊ ထိုင်ပြီး စာရိုက်နိုင်မယ်၊ လဲလျောင်း၊ ကျောခင်းပြီးတော့လည်း စာရိုက်နိုင်ပါမယ်။

မော်နီတာတွေ၊ လက်ပ်တော့တွေကလည်း သတ္တုလက်တွေနဲ့ စိတ်ချယုံကြည်စွာ တပ်ဆင်ထားပြီး သင့်ရဲ့ မျက်နှာပေါ်ကို ကျလာမှာမဟုတ်ပါဘူး။ ကီးဘုတ်နဲ့ မောက်စ်ကလည်း သူ့ခုံမှာ သံလိုက်နဲ့ ကပ်နေမှာပါ။
ဒါပေမဲ့ ဒီခုံက ဈေးကြီးတာ အမှန်ပါပဲ။ ဒီဇိုင်းကို ၅နှစ်လောက် ကြိုးစားလုပ်ဆောင်ခဲ့ရတာပါ။ ပုံမှန် လက်လီရောင်းဈေးဟာ ကန်ဒေါ်လာ ၅၉၀၀ ရှိပါတယ်။

Skyler - သစ်ထူးလွင်
Ref: CNN

မှတ်ချက်များ