ယာဉ်မတော်တဆမှုကြောင့် တစ်ရက်လျှင် တစ်ဦးနှုန်း သေဆုံးနေ
ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်း ယာဉ်မတော် တဆမှုကြောင့် တစ်ရက်လျှင် လူတစ်ဦးခန့်သေဆုံးနေပြီး နေ့စဉ် လူ ၇ ဦးခန့် ဒဏ်ရာရမှုရှိနေ ကြောင်း သတင်းရရှိသည်။
ယာဉ်မတော်တဆဖြစ်ပွားမှု ကြောင့် ယခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ အမှုပေါင်း ၁၃၂၃ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၆၃ ဦး ရှိကာ ဒဏ်ရာရသူဦးရေ ၁၄၇၂ ဦးထိရှိကြောင်း ရန်ကုန်တိုင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ ရုံးမှ ယာဉ်ထိန်းရဲအရာရှိတစ်ဦး က ပြောသည်။
‘‘လအလိုက်ဖြစ်နေတဲ့ယာဉ် တိုက်မှုတွေလျော့ကျအောင် ကျွန် တော်တို့လုပ်လို့မရဘူး။ ယာဉ် မောင်းကိုယ်တိုင်က စည်းကမ်းရှိ မှ ရမှာ။ တိုက်ရင် လိုင်းကားသ မားအများစုဆို ပြေးပြီ။ ဒီလိုဟာ တွေကလည်း အခုအချိန်ထိ ဖြစ်နေတုန်းပါ။ သတ်မှတ်ထားတဲ့စည်း ကမ်းအတိုင်း မောင်းရင် ဘာမှမဖြစ်ပါဘူး’’ဟု အဆိုပါယာဉ် ထိန်းအရာရှိက ပြောသည်။
ယာဉ် မတော်တဆမှုကြောင့် ပြစ်မှုပုဒ်မ ၃၃၈ (အပြင်းအထန်)နာကျင်စေမှု ၇၁၀ မှု၊ ပြစ်မှုပုဒ်မ ၃၃၇(သာမန်)နာကျင်စေမှု ၁၃၄ မှု၊ ပြစ်မှုပုဒ်မ ၂၇၉ (ယာဉ်ပေါ့ဆမှု) ၂၅၁ မှု၊ ပြစ်မှု ပုဒ်မ ၃၀၄-က(လူသေမှု) ၂၂၈ မှုထိ ဖြစ်ပွား ခဲ့သည်။
‘‘ယာဉ်တိုက်မှုတွေ၊ မတော် တဆဖြစ်မှုတွေက အခုနည်းဥပဒေ သစ်ထုတ်ပြီး နောက်ပိုင်း နည်း လာတယ်။ အရင်ဆို စည်းကမ်း ပျက်ယာဉ်တွေ ရာချီပြီး ဖမ်းဆီး ရနေပေမယ့် အခုဆိုရင် အရင် လောက်မရှိတော့ဘူး။ စက်တင် ဘာ ၃၀ ရက်နေ့ဆို တစ်ရက်လုံး အနှေးယာဉ်ဖမ်းဆီးတဲ့နှစ်မှုပဲရှိ တယ်’’ဟု ရန်ကုန်တိုင်းအမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံးမှ ဒုရဲမှူး ကြီး အောင်ကိုဦးက ပြောသည်။
မြန်မာနိုင်ငံအတွင်း ၂၀၁၃ တွင် ယာဉ်တိုက်မှု ၁၃,၉၀၇ မှု ဖြစ်ပွားခဲ့ကာ ၂၃,၄၃၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၃,၆၁၂ ဦးသေဆုံးခဲ့ပြီး ၂၀၁၄ တွင် ယာဉ်တိုက်မှု၁၄,၇၈၁ မှုဖြစ်ပွားခဲ့ကာ ၂၅,၀၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၄,၁၆၃ ဦး သေ ဆုံးခဲ့သည်။
7daydaily

မှတ်ချက်များ