တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း ဂူဇောင်းမြို့မှာ အောက်တိုဘာ ၂၀ ရက် နေ့က ခရီးသည်တင်ကားတစီး လမ်းပေါ် မောင်းနှင်နေတုန်း ယာဉ်မောင်းဖြစ်သူ ရုပ်တရက် သတိလစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီကားပေါ်မှာ ခရီးသည် ၂၀ ကျော်လိုက်ပါလာပြီး ယာဉ်မောင်းဖြစ်သူ ရုတ်တရက် သတိလစ်သွားချိန်မှာ ကားဟာ မီတာ ၁၀၀ အမြင့်ရှိတဲ့ တောင်စောင်းပေါ်မှာ အရှိန်နဲ့ ရှိနေခဲ့တာပါ။
အဲဒီအချိန်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ခင်ပွန်းဖြစ်သူဟာ အရှိန်နဲ့သွားနေတဲ့ ကားကို ပြန်လည်ထိန်းချုပ်ပြီး ပြန်ကွေ့နိုင်ခဲ့ပါတယ်။ ဒီနောက်မှာ ကားဟာ အနီးနားက အိမ်တအိမ်ကို ၀င်တိုက်မိခဲ့ပေမယ့် တဦးတယောက်မှ ထိခိုက်ဒဏ်ရာမရရှိခဲ့ပဲ ခရီးသည်တွေအားလုံး အသက်ရှင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
DVB
ရုပ်/သံ ကြည့်ရန်
http://burmese.dvb.no/archives/118461

မှတ်ချက်များ