ခြင်္သေ့အစာ ဖြစ်ရတဲ့ ဆင်ပေါက်








တန်ဇန်နီးယား နိုင်ငံရှိ ဘေးမဲ့ အမျိုးသား ဥယျာဉ်ထဲမှာ ဖြစ်ပါတယ်။ Mwgusi မြစ်ကို ဖြတ်ကူးတဲ့ ဆင် တစ်အုပ်ကနေ အကောင်ငယ်များကို ခြင်္သေ့များက စောင့်ဖမ်း စားသောက် ပါတယ်။ မြစ်ထဲမှာ ရွှံ့နွံ ထူတာကြောင့် ဖြတ်ကူးရလည်း ခက်ခဲ ပါတယ်။

ဆင်ငယ် တစ်ကောင်ဟာ မြစ်ကို ပျော်ရွှင်စွာ ဖြတ်ကူးပေမယ့် တစ်ဖက်ရောက်တဲ့ အချိန် ခြင်္သေ့မ နှစ်ကောင်ရဲ့ တိုက်ခိုက်မှုကို ခံရပါတယ်။ မိခင် ဆင်မကြီးမှ လာရောက်လို့ ကယ်ပေမယ့် နောက်ကျနေပါပြီ။ ဆင်ငယ်ဟာ တစ်ကိုယ်လုံး ဒဏ်ရာတွေ ရရှိနေပါပြီ။ ဒဏ်ရာများကြောင့် ပင်ပန်းနေပြီး ဆက်လည်း မလျှောက်နိုင်တော့ ပါဘူး။ ဒါကြောင့်မို့ ကယ်ဖို့ ကြိုးစားတဲ့ ဆင်မဟာလည်း လက်လျှော့လို့ ထွက်ခွာသွားပါတယ်။ ဆင်ငယ်ကတော့ အကူအညီ ရလိုရငြား ငယ်သံပါအောင် အော်ပေမယ့် လာကယ်ရန် ခက်ခဲတဲ့ ဆင်အုပ်ဟာ ထွက်ခွာ သွားပါတယ်။

နောက်ထပ် ခြင်္သေ့ နှစ်ကောင် ထပ်မံ ရောက်ရှိလာပြီး စားသုံးကြပါတော့တယ်။ ခြင်္သေ့များဟာ အစား စားစဉ်မှာလည်း အခြား လာရောက် တိုက်ခိုက်နိုင်ချေ ရှိတဲ့ အခြား သားရဲများကို စောင့်ဆိုင်း ကြည့်ရှုတတ်တာကိုလည်း ဓာတ်ပုံအရ မြင်တွေ့ရပါတယ်။

အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ