ခြေထောက် မပါတဲ့ မော်ဒယ်









အမေရိကန် ပြည်ထောင်စု၊ အော်ရီဂွန် ပြည်နယ် portland မြို့မှာ နေထိုင်တဲ့ Kanya Sesser လို့ အမည်ရတဲ့ အမျိုးသမီးဟာ ခြေထောက် မပါတဲ့ ဓာတ်ပုံ မော်ဒယ် တစ်ဦး ဖြစ်ပါတယ်။ သူမဟာ ထိုင်းနိုင်ငံမှာ မွေးဖွားပြီး မွေးဖွားလို့ တစ်ပတ် အကြာမှာပဲ သူ့ရဲ့ မိရင်း ဖရင်းများရဲ့ စွန့်ပစ်မှုကို ခံရ ပါတယ်။

မသန်စွမ်း ကလေး စောင့်ရှောက်ရေး စင်တာမှာ နေထိုင်စဉ် အမေရိကန်ရှိ ဇနီးမောင် နှစ်ဦးတို့ရဲ့ ခေါ်ယူ မွေးစားမှုကို လက်ခံ ရရှိတာကြောင့် အမေရိကန်သို့ ပြေင်းရွှေ့ခဲ့ခြင်း ဖြစ်ပါတယ်။ သူမဟာ မွေးဖွားစဉ် ကတည်းက ခန္ဓာကိုယ် အထက်ပိုင်းသာ ပါရှိပါတယ်။ တင်ပါး တစ်ဝက်ကစလို့ အောက်ပိုင်းအထိ ပါမလာတဲ့ မွေးရာဂါ ဒုက္ခိတ ဖြစ်ပါတယ်။

ဒါပေမယ့် သူမဟာ သူမကိုယ် သူမ မသန်စွမ်းသူ တစ်ဦး အဖြစ် မခံယူပဲ ကြိုးစားမှုကြောင့် ရေကူး၊ ရေလှိုင်းစီး နဲ့ အခြားသော အားကစား မြောက်များစွာမှာ ကျွမ်းကျင်သူ ဖြစ်ပါတယ်။ သူမရဲ့ အထက်ပိုင်း ကိုယ်ခန္ဓာ လှပမှုကြောင့် အားကစား ကုန် အမှတ်တံဆိပ်များရဲ့ ကမ်းလှမ်းမှု များကို လက်ခံရရှိပြီး ပရော်ဖက်ရှင် မော်ဒယ် တစ်ဦး ဖြစ်လာ ပါတယ်။ အဓိက အားဖြင့် အမျိုးသမီး အတွင်းခံ ပစ္စည်း အမှတ်တံဆိတ်များရဲ့ ကမ်းလှမ်းမှုကို လက်ခံ ရရှိ ပါတယ်။

သူမရဲ့ ဝင်ငွေဟာ ယခုဆိုရင် တစ်ရက်ကို အမေရိကန်ဒေါ်လာ ၁,၀၀၀ ရှိတာကြောင့် အမေရိကန်မှာ ဝင်ငွေကောင်းတဲ့ မော်ဒယ် တစ်ဦးလည်း ဖြစ်လာ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ