ခွေးပေးပြီး မြင်း၊ သိုးတွေနဲ့ လိင်ဆက်ဆံခဲ့သူ အဖမ်းခံရ


အသက် ၅၆နှစ်အရွယ်ရှိ James Allen Darland အမည်ရတဲ့ တိရိစ္ဆာန်ချစ်သူ တစ်ဦးဟာ သူပိုင်တဲ့ ခွေးနဲ့ လိင်ဆက်ဆံရတာ ပျင်းလာတဲ့အတွက် လဲလှယ်ဆက်ဆံမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ခွေးကို ပေးပြီး ခြံမွေးတိရိစ္ဆာန်တွေနဲ့ လဲလှယ် လိင်ဆက်ဆံခဲ့တဲ့သူဟာ အဖမ်းခံခဲ့ရတယ်လို့ အရီဇိုးနား အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ သူဟာ အိမ်မွေးတိရိစ္ဆာန်တွေကို လိင်ဆက်ဆံရတာ ငြီးငွေ့လာတဲ့အတွက် အသစ်ရှာဖို့ ကြိုးစားခဲ့တာပါ။

James ဟာ အရင်က လယ်ထွန်စက် မောင်းပါတယ်။ ခုတော့ အနားယူသွားပါပြီ။ တိရိစ္ဆာန်တွေကို လိင်ဆက်ဆံနေခဲ့တာဟာလည်း နှစ်ပေါင်းမနည်းတော့ပါဘူး။

သူဟာ ခွေးကို အလဲအထပ်ပြုပြီး အိမ်နီးနားချင်းတွေရဲ့ မြင်းတွေ၊ ခွေးတွေ၊ သိုးတွေကို လိင်ဆက်ဆံခဲ့ပါတယ်လို့ မာရီကိုပါ စီရင်စု အုပ်ချုပ်ရေးမှူးရုံးကနေ ပြောပါတယ်။

တိရိစ္ဆာန် အလဲအလှယ်လုပ်ပြီး လိင်ဆက်ဆံကြမယ်ဆိုပြီး စုံထောက်တွေကနေ အွန်လိုင်းမှာ တင်ပြီး ထောင်ဖမ်းခဲ့တာလို့ သိရပါတယ်။

Skyler - သစ်ထူးလွင်
Ref: Mirror

မှတ်ချက်များ