စားချင်းသဖွယ် စတော်ဘယ်ရီးသီးတွေ
စတော်ဘယ်ရီသီးဟာ ကမ္ဘာတစ်ဝန်းမှာရှိပြီး လူကြိုက်များတဲ့ အသီးများထဲမှ တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။ စားရတာ အလွန်ကောင်းမွန်ပြီး ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးတဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။
စတော်ဘယ်ရီသီးတွေဟာ အနီရောင် ပုံသဏ္ဍန်ဖြစ်ပြီးတော့မြန်မာနိုင်ငံမှာဆိုရင် ပြည်ဦးလွင်လို ဒေသတွေမှာ ပေါများတာပေါ့။ စတော်ဘယ်ရီးသီးတွေ အသီးလိုက်စားလို့ ရသလိုဖျော်ရည်လုပ်ပြီးလည်း သောက်နိုင်ပါတယ်။
သိရသလောက် စတော်ဘယ်ရီးသီးတွေဟာ မျက်လုံးကျန်းမာရေး အတွက်ကောင်းတယ်၊ ကင်ဆာရောဂါ မဖြစ်ပွားအောင်လည်းကာကွယ်နိုင်တဲ့ အစွမ်းသတ္တိရှိတယ်၊ ပါးရေနားရေ တွန့်တာတို့ အသားအရည်မှာ အရေအကြောင်းတွေ မပေါအောင်လည်းကာကွယ်နိုင်တယ်၊ မကောင်းတဲ့ ကိုလက်စရော ဓာတ်တွေကို
ချေဖျက်နိုင်တယ်၊ သွေးဖိအားကိုလည်း သူက ထိန်းပေးနိုင်ပါတယ်။
ဒါကြောင့် ကြိုက်တွေ စားပေးပါ။
ကျော်လင်းနိုင် (ရိုးရာလေး)





မှတ်ချက်များ