အသက် ၃၂နှစ် ရှိပြီဖြစ်တဲ့ အဲ့ဒီ့ အကျင့်ပျက်လူဟာ အမျိုးသမီးတွေရဲ့ အိမ်တွေထဲ နဲ့ ခြံဝင်းတွေထဲကိုသွားပြီး ငါးမျှားတံပစ်ကာ အတွင်းခံဘောင်းဘီတွေကို ငါးမျှားချိတ် ချိတ်စေဖို့ကြိုးစားခဲ့ပါတယ်။ ငါးမျှားချိတ် ချိတ်ပြီဆိုရင် ရစ်လုံးကို ရစ်ပါတယ်။ အဲ့ဒီ့နောက်တော့ အိပ်ထဲကောက်ထည့်ပြီး ခံစားပါတော့တယ်။
သူ့နာမည်ကိုတော့ Zhang လို့ပဲ သိရပါတယ်။ ကားနဲ့ကင်းလှည့်နေတဲ့ ရဲတွေနဲ့ ဆုံတဲ့အခါမှာတော့ အဖမ်းခံခဲ့ရပါတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်း Liyang မှာ ပြီးခဲ့တဲ့လက အဖမ်းခံခဲ့ရတာပါ။
Zhang စီးလာတဲ့ ဗင်ကားကို ရဲတွေ ဖွင့်စစ်တဲ့အခါမှာတော့ ဘရာ ၂၈၅ထည်နဲ့ ပင်တီ ၁၈၅ထည်ကို တအံ့တသြ တွေ့ခဲ့ရပါတယ်။ အားလုံးက ဝတ်ပြီးသားတွေပါ။
နောက်ထပ် ၁၀၂ထည်ကို သူ ခိုးယူထားတာကိုလည်း ရှာတွေ့ခဲ့ပါသေးတယ်။ နောက်တော့ သူဟာ ဒီအတွင်းခံတွေအားလုံးကို ၃နှစ်တာ စုဆောင်းခဲ့ရတာလို့ ဝန်ခံပါတယ်။
အစကတော့ တစ်ထည်၊ နှစ်ထည် ခိုးယူရင်းကနေ နောက်ပိုင်း သူ့ကိုယ်သူ မထိန်းနိုင်တော့ဘူးလို့ Zhang က ရဲတွေကို ပြောခဲ့ပါတယ်။ အတွင်းခံတွေ စွဲမက်နေတဲ့ သူ့အတွက် ခိုးယူရတာ အန္တရာယ်များတဲ့အတွက် ငါးမျှားတံနဲ့ ခိုးယူဖို့ကို ဖန်တီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Skyler - သစ်ထူးလွင်
Ref: Mirror

မှတ်ချက်များ