နာမည်နဲ့ လိုက်တဲ့ ခွေးကြောင့် သခင်ဖြစ်သူ ကျည်ဆန်မှန်
အမဲလိုက်နေတုန်းမှာ ခွေးက သေနတ် ခလုပ် နင်းမိခဲ့လို့ သခင်ဖြစ်သူကို ကျည်ဆန် ထိမှန်ခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပျက်ခဲ့တာကတော့ အမေရိကန်နိုင်ငံ အင်ဒီယာနာ ပြည်နယ်မှာပါ။ ခွေးနာမည်က Trigger ဖြစ်ပါတယ်။ အဲဒီ အမည်ကိုက သေနတ် ခလုပ်လို့ အဓိပ္ပာယ်ရပါတယ်။
အလီကာတာလို့ အမည်ရတဲ့ အသက်(၂၅)နှစ်အရွယ် အမျိုးသမီးဟာ ၁၁ နှစ်သား အရွယ်ရှိတဲ့ သူမရဲ့ခွေး Trigger နဲ့အတူ အင်ဒီယာနာ ပြည်နယ် မြောက်ပိုင်းမှာ အမဲလိုက်ခဲ့တာဖြစ်ပါတယ်။ Trigger က သေနတ်ကို နင်းမိခဲ့ချိန်မှာ ကျည်ဆန် မထွက်အောင် တပ်ဆင်ရမယ့် လုံခြုံရေးခလုပ် safety catch မတပ်ထားလို့ အလီကာတာရဲ့ ခြေထောက်ကို ကျည်ဆန် ထိမှန်ခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အလီကာတာဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီလို့ သိရပါတယ်။
Nz (ရိုးရာလေး)

မှတ်ချက်များ