တာချီလိတ်မြို့၌ ဆာလာအိတ်အတွင်းထည့်ကာ စွန့်ပစ်ထားသည့် အသက် ၄၀ ခန့်ရှိ အမျိုးသမီး အလောင်းတွေ့ရှိ
တာချီလိတ်၊ အောက်တိုဘာ ၂၄- ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် မြို့၊ ဖန်မင်အုပ်စု၊ ဝမ်ကျောက်လုံကျေး ရွာအနီး ဆာလာ အိတ်တွင်းထည့်ကာ စွန့်ပစ်ထားသော အလောင်းတစ် လောင်းအား အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင်တွေ့ ရှိခဲ့ကြောင်း သိ ရသည်။
ဗာဟုန ဘုန်းတော်ကြီးကျောင်း မှ ကိုရင်ငယ်တစ်ပါးက ဆွမ်းခံပြန်ရာ မှ အဆိုပါ အလောင်းကိုတွေ့မြင်ကာ တာချီလိတ်မြို့နယ် ရဲစခန်းသို့ အ ကြောင်းကြားခဲ့ကြောင်း သိရသည်။
အမည်မသိအလောင်း မှာ အ သက် ၄၀ ခန့်ရှိ အမျိုးသမီးတစ်ဦးဖြစ် ကြောင်း၊ လွန်ခဲ့သည့်တစ်ရက်အတွင်း က သေဆုံးခဲ့ခြင်းဟု ခန့်မှန်းထား ကြောင်း၊
အလောင်း မှာ ပုပ်ပွနေသည့် အတွက် မျက်နှာအား ကောင်းစွာမ မှတ်မိ နိုင်ကြောင်း၊ ဆေးစစ်ချက် အရ ပြင်ပဒဏ်ရာရရှိထားခြင်းမရှိကြောင်း တာချီလိတ်မြို့နယ်ရဲစခန်းမှ သိရ သည်။
''ဘာကြောင့်သေလည်းတော့ မပြောနိုင်ဘူး။ ကိုယ့်ဘာသာကိုယ် သတ်သေတာလား၊ ဥပမာ ဆေးလွန် ပြီးသေတာလား၊ အဆိပ်ကြောင့် လား မသိသေးဘူး။
စစ်ဆေးဆဲ ပဲရှိပါသေး တယ်'' ဟု တာချီလိတ်မြို့မစခန်းမှူး ဒုရဲမှူးကျော်သန်း
က ပြောသည်။
သေဆုံးသူအမျိုးသမီး၏ ရုပ်အ လောင်းအား မဇ္ဈိမလူမှုကူညီရေးအ သင်းမှ တာချီလိတ်ပြည် သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအ မှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲ စခန်းမှ (ပ)၂၃၆/၂၀၁၅၊ လူသတ် မှုပြစ်မှု ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရ သည်။
KM(MMK) - Democracytoday

မှတ်ချက်များ