သင့်စက်ဘီးနဲ့ချိတ်ဆက်ပြီး အချက်ပြမီးလုပ်နိုင်မယ့် Bluetooth မီး


လုံခြုံရေးမီးတွေဟာ အရေးအကြီးဆုံး စက်ဘီးပစ္စည်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ အထူးသဖြင့် ညဘက်မှာ စက်ဘီးစီးမယ်ဆိုရင်၊ ရာသီဥတုအခြေအနေကြောင့်ပဲဖြစ်ဖြစ် တစ်ဖက်က သင့်ကို အလွယ်တကူ မမြင်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။

ဘီးတွေမှာ အလင်းတန်းတိုက်ရိုက်တွဲတဲ့ အလင်းစနစ်ကို စမ်းသပ်နေခဲ့တာ ကြာပါပြီ။ ဒီအလင်းတန်းတွေကပဲ သင်ဘယ်လောက် မြန်မြန်နင်းနေတယ်ဆိုတဲ့ အမြန်နှုန်းကို ပြသပေးမှာပါ။ ဘက်ထရီကို ဖြုတ်ပြီး အားပြန်သွင်းနိုင်ပါတယ်။ အားဘယ်လောက် ကျန်သေးတယ်ဆိုတာကို bluetooth နဲ့ချိတ်ဆက်ထားတဲ့ ဖုန်းကနေ စစ်ဆေးနိုင်ပါသေးတယ်။

မြင်ရတဲ့အတိုင်း ရှေ့ဘီးမှာ အဖြူရောင်မီးတန်းပြပြီး ရှေ့ကိုဦးတည်သွားနေတယ်ဆိုတာကို ညွှန်ပြပေးပါတယ်။ နောက်ဘက်မှာတော့ အနီရောင်မီးတန်းရှိပြီး ကိုယ့်နား မကပ်နဲ့ဆိုတာမျိုးပေါ့။ စက်ဘီးနင်းနေတဲ့အချိန်မှာ အလင်းတန်းခုံးတွေနဲ့ ပြသပေးမှာပါ။ ကွေ့တော့မယ့်အချိန်မှာတော့ တစ်ဘီးလုံးကို မီးတဖြတ်ဖြတ် လင်းနေစေမှာပါ။ စက်ဘီးလက်ကိုင်မှာတင်ထားတဲ့ control pad ကနေ ထိန်းချုပ်ပြသနိုင်ပါတယ်။ စမတ်နာရီနဲ့ bluetooth ချိတ်ဆက်ပြီးတော့ လက်ဝှေ့ယမ်းလိုက်ရင်လည်း ရနိုင်ပါတယ်။

နေဝင်သွားတာနဲ့ မီးအလိုအလျောက်ပွင့်အောင် ချိန်ညှိချက်ပေးထားနိုင်ပါသေးတယ်။ မီးတွေ တပ်ဆင်ဖို့အတွက်ကို မီးအဝိုင်း ၄ခုပါရှိပါတယ်။ ရှေ့ဘီးမှာ ၂ကွင်း၊ နောက်ကွင်းမှာ ၂ကွင်းပါ။

ဈေးနှုန်းကတော့ ကန်ဒေါ်လာ ၁၄၉နဲ့ ၂၀၉ ဆိုပြီး Eclipse နဲ့ Eclipse + ဆိုပြီး နှစ်မျိုးရှိပါတယ်။ မြင်လိုက်တာနဲ့ စိတ်ဝင်စားစေတဲ့ စနစ်တစ်ရပ်ပါပဲ။

Jack - သစ်ထူးလွင်
Ref: engadget

မှတ်ချက်များ