လာမယ့် El Clasico ဒါဘီမှာ ဘက်လိုက်ဆုံးဖြတ်ပေးဖို့ ညွှန်ကြားခံရတယ်လို့ လက်ထောက်ဒိုင်ပြော
နိုဝင်ဘာလအတွင်းမှာ ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ El Clasico ဒါဘီမှာ ရီးရဲလ်ဘက်ကိုလိုက်ပြီး ဆုံးဖြတ်ပေးဖို့ ညွှန်ကြားခံရတယ်လို့ အဲ့ဒီပွဲကို တာဝန်ယူကိုင်တွယ်မယ့် လက်ထောက်ဒိုင်က ဖွင့်ဟလိုက်တာပါ။ အဲ့ဒီလက်ထောက်ဒိုင်ရဲ့ တရားဝင်ရှေ့နေဖြစ်တဲ့ Jacinto Vicente Hernandez ရဲ့ ပြောကြားချက်အရ သူ့ရဲ့အမှုသည်ဟာ ဘာစီလိုနာရဲ့ ပြိုင်ဘက်ကို အခွင့်အရေးပေးဖို့ ညွှန်ကြားခံထားရတယ်လို့ ပြောပါတယ်။
စပိန်မီဒီယာတွေရဲ့ ပြောကြားချက်အရတော့ လာလီဂါပွဲတွေကို တရားမမျှတတဲ့ လုပ်ပွဲတွေဖြစ်လာအောင် ဖန်တီးမှုတစ်ခုသာဖြစ်ပြီး El Clasico လိုမျိုး ပွဲကြီးတွေကို ပစ်မှတ်ထားလုပ်ဆောင်နေတာ ဖြစ်တယ်လို့သိရပါတယ်။အဲ့ကိစ္စကို ဟုတ်မှန်ကြောင်း တရားဝင်ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။ ဘာစီလိုနာရဲ့ ဒု ဥက္ကဌ Susana Monje ကတော့ " ဒီသတင်းဟာ အမှန်မဖြစ်ပါစေနဲ့ " လို့ ပြောပါတယ်။ ရီးရဲလ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပြီး စပိန်ရဲဌာနကတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
Paing A K - သစ်ထူးလွင်
Ref : BBC

မှတ်ချက်များ