IRON CROSS ရောင်စုံမီးလှ သတင်းကျွတ်ည သီချင်းများနဲ့ ပျော်ရွှင်ည ဖျော်ဖြေပွဲ


သံလွင်ရတနာကုမ္ပဏီနဲ့Bagan Entertainment တို့ပူးပေါင်းတင်ဆက်မယ့် Iron Cross ရောင်စုံမီးလှ သီတင်းကျွတ်ည သီချင်းများနဲ့ ပျော်ရွှင်ည ဖျော်ဖြေပွဲကို သီတင်းကျွတ်လပြည့်ည ၂၈ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပြီး ကျင်းပမယ့်နေရာကတော့ ပြည်သူ့ရင်ပြင်မှာပဲဖြစ်ပါတယ်။ ပွဲစတင်ကျင်းပမယ့်အချိန်ကတော့ ည ၇နာရီ ဖြစ်ပါတယ်။

ဒီပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲကို ၁၉ရက်နေ့က Orchid Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထူးခြားမှုတစ်ခုအနေနဲ့ Iron Cross အဖွဲ့နဲ့အတူ တင်ဇာမော်ပါ တွဲဖက်သီဆိုမှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းကတော့ ၁၀၀၀၀ ဖြစ်ပါတယ်။ လက်မှတ်တွေကို မန်းသီရိတေးသံသွင်း၊ City Mart ဆိုင်ခွဲများ၊ J7 ၊ The Sun Music တို့မှာ ၀ယ်ယူနိုင်ပြီလို့ သိရပါတယ်။

ခင်ဆွေသက် - Trend Myanmar

မှတ်ချက်များ