ဂီတလောကထဲ ပြန်လည်ဝင်ရောက်လာပြီဖြစ်တဲ့ ကျော်ဇင်မင်းရဲ့ ဆန္ဒ Single Song ထွက်ရှိခြင်း စာနယ်ဇင်းမိတ်ဆက်ပွဲ


၂၀၀၆ ခုနှစ်တုန်းက မြန်မာ့အသံက ပြုလုပ်ကျင်းပတဲ့ ဆိုကြမယ်။ ပျော်ကြမယ်မှာ ပထမဆုရရှိခဲ့သလို ၊ ၂၀၀၈ ခုနှစ် သံစဉ်များနဲ့ကမ္ဘာ Melody World မှာလဲ စတုတ္ထဆုကို ရရှိပိုင်ဆိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဗီယက်နမ် ဟိုချီမင်းမြို့တော်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံများ အဆိုပြိုင်ပွဲမှာလဲ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကာ တတိယဆုကို ရရှိခဲ့တဲ့ အဆိုတော် ကျော်ဇင်မင်းဟာ ခုဆိုရင် ဂီတလောကထဲ တစ်ဖန်ပြန်လည် ၀င်ရောက်လာခဲ့ပါပြီ။

အဆိုတော် ကျော်ဇင်မင်းဟာ လာမယ့် အောက်တိုဘာ ၂၆ ရက်နေ့မှာ ဂီတလောကထဲ ပြန်လည်ဝင်ရောက်မှုအတွက် သူ့ရဲ့ပထမဆုံးခြေလှမ်းအဖြစ် ဆန္ဒဆိုတဲ့ Single သီချင်းလေးတစ်ပုဒ်ကို Mynamar Music Store ကနေ ရောင်းချပေးသွားမယ့်အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲလေး ကျင်းပခဲ့ပါတယ်။ ဒီသီချင်းဟာ သူ့ရဲ့ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုထားတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်တာမို့ ပရိသတ်တွေ တကယ်ကို ကြိုက်နှစ်သက်မယ့် သီချင်းလေးပါ။

၂၀၁၁ ခုနှစ်မှာတော့ တစ်ကိုယ်တော်တေးစီးရီးကို ဖန်တီးခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မထုတ်ဖြစ်ခဲ့တဲ့ ကျော်ဇင်မင်းက ၂၀၁၂ ခုနှစ်မှာ အစ်ကိုဖြစ်သူ ရုတ်တရက်ဆုံးပါးသွားတဲ့အတွက် အစ်ကိုဖြစ်သူကိုယ်စား မိဘတွေကို လုပ်ကျွေးဖို့ နိုင်ငံခြားကို ထွက်ခွာသွားခဲ့ရတဲ့အတွက် သူချစ်တဲ့ အနုပညာဂီတလောကနဲ့အဆက်ပြတ်သွားခဲ့ပါတယ်။ မလျော့တဲ့ ဇွဲ၊ လုံ့လတွေနဲ့ ၂၀၁၅ ခုနှစ်မြန်မာပြည်ကို ပြန်ရောက်လာတဲ့အခါမှာတော့ ရေဘေးနဲ့ပတ်သက်တဲ့ အလှူငွေကောက်ခံရင်း သူတတ်ကျွမ်း ၀ါသနာပါတဲ့ ဂီတနဲ့ တစ်တပ်တစ်အား ပါဝင်ကူညီရင်းနဲ့ ဂီတလောကထဲကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

First Single ထွက်ပြီး များမကြာမီမှာလဲ Second Single ကိုထွက်နိုင်အောင်ကြိုးစားသွားမယ်လို့လဲပြောပြခဲ့ပါတယ်။

ခင်ဆွေသက် - Trend Myanmar

မှတ်ချက်များ