စတိတ်ရှိုးမှာ ဖျော်ဖြေနေစဉ် စမတ်ဖုန်းနဲ့ ပစ်ပေါက်ခံခဲ့ရတဲ့ Ariana Grande


ကယ်လီဖိုးနီးယား ပြည်နယ်မှာ ရှိတဲ့ iHeart Radio ပြဇာတ် ရုံမှာ ကျင်းပခဲ့တဲ့ စတိတ် ရှိုးတစ်ခုမှာ အဆိုတော်မလေး Ariana Grande တစ်ယောက် ဖုန်းနဲ့ ပစ်ပေါက်ခြင်း ခံခဲ့ရပါတယ်။

အသက် ၂၂ နှစ်အရွယ် ပေါ့ပ်အဆိုတော်မလေးဟာ iHeart Radio ပြဇာတ် ရုံမှာ Honda အမှတ်တံဆိပ်ရဲ့  စတိတ်ရှိုးအတွက် ဖျော်ဖြေနေစဉ်မှာပဲ အခုလို ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ Ariana Grande ဟာ သူမရဲ့  သီချင်းအသစ်ဖြစ်တဲ့ Focus ကို ပထမဆုံးအကြိမ် သီဆိုဖျော်ဖြေအပြီး ပရိတ်သတ် နဲ့ အမေးအဖြေ ကဏ္ဍ ပြုလုပ်နေစဉ်မှာ ပရိတ်သတ်တစ်ယောက်က သူမကို စမတ်ဖုန်းတစ်လုံး နဲ့ ပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကံကောင်းစွာနဲ့ပဲ Arianda Grande တစ်ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိခဲ့ဘူးလို့ E! သတင်းဌာန က ဖော်ပြထားပါတယ်။ ထို အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့လည်း သူမရဲ့ ပရိသတ်တွေက လူမှုကွန်ရက်တွေမှာ Post များစွာနဲ့ ဖော်ပြရေးသားခဲ့ကြပါသေးတယ်။

“တစ်ယောက်ယောက်များ ကျွန်မကို ဖုန်းနဲ့ ပစ်လိုက်တာလား၊ တစ်ယောက်ယောက်များစင်ပေါ်ကို ဖုန်းတစ်လုံးပစ်လိုက်သလား၊ ဒါဟာ အရမ်းအန္တာရာယ်များပါတယ်။ ဖုန်းမျက်နှာပြင်ကွဲနေခဲ့ရင် ဘယ်လိုလုပ်မလဲ။ ဒါဘယ်သူ့ဖုန်းလဲ။ ခင်ဗျားဖုန်းလား။ ကိုယ့်ဖုန်းကိုယ် ဂရုစိုက်ပါ။ ရော့ပြန်ယူလိုက်ပါ” လို့ သူမက ဖုန်းပိုင်ရှင်ကို စင်ပေါ်ကနေ ပြောပြပြီး ဖုန်းပြန်ပေးခဲ့ပါတယ်။Ariana Grande ဟာ ထိုဖျော်ဖြေပွဲမှာပဲ သူမရဲ့  Focus သီချင်းမှာ ပါဝင်သီဆိုပေးထားတဲ့ အမျိုးသားအသံ ရဲ့  ပိုင်ရှင်ဟာ Jamie Fox ဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောပြခဲ့ပါတယ်။ Focus ဆိုတဲ့သီချင်းကတော့ သူမရဲ့  အသစ်ထွက်ရှိမယ့် အယ်လ်ဘမ် ဖြစ်တဲ့ Moonlight ထဲမှာ ပါဝင်မယ့် သီချင်းလည်းဖြစ်ပါတယ်။

Mario - Trend Myanmar

မှတ်ချက်များ