ခင်ပွန်းကောင်း တစ်ယောက်ရဲ့ လိုအပ်ချက်


လောကကြီးမှာ တစ်ယောက်တည်းကိုသာ ရွေးချယ်ရာတာပါ။ ရွေးချယ်တဲ့အခါမှာလည်း မှားသွားရင် ပြင်ရန် ခက်ခဲလှပါတယ်။

ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ရန် လိုအပ်ချက်တွေကတော့ အောက်မှာ ဖတ်ကြည့်လိုက်ပါ။

၀၁. သူကြိုက်တတ်တဲ့ နံနက်စာကို မှတ်မိနေတယ်။
ဘယ်လောက်ပဲ အချိန်တွေကြာကြာ သူကတော့ ကိုယ်ကြိုက်တတ်တဲ့ အစားအစာလေးတွေကို အမြဲသတိရပြီး ဝယ်ကျွေး၊ သွားစားလေ့ရှိတယ်။

၀၂. ဘယ်လောက်ပဲနောက်ကျနေပါစေ၊ ပြန်လာတော့မယ်ဆိုတာကို ဖုန်း(သို့) Msg ပို့ပေးတယ်။
ခဏနေကျရင် ပြန်လာတော့မယ်ဆိုတာကို တာဝန်ဝတ္တရားလို့ မခံယူထားပဲ၊ ချက်ချင်းဆိုသလို အကြောင်းကြားပေးနေတာဟာ သူ့ကို စိတ်ချမ်းသာစေချင်လို့ပါ။

၀၃. နေမကောင်းရင် အနားမှာ အမြဲရှိနေတတ်တယ်။
ကိုယ်နေမကောင်းရင် အနားမှာပဲဖြစ်ဖြစ်၊ အဝေးကပဲဖြစ်ဖြစ် အားပေးစကားတွေ ပြောနေပေးတယ်။

၀၄. အခုဘာလုပ်နေလဲလို့ အားတဲ့အချိန်လေးမှာ ဖုန်းဆက်မေးတတ်တယ်။
ကိုယ်နဲ့စကားပြောချင်တာတွေ၊ ဒါမှမဟုတ် အဆင်မှပြေရဲ့လားလို့ပြောချင်တာတွေ၊ ရှိတာကြောင့် အမြဲဆိုသလို ဖုန်းဆက်ပေးလေ့ရှိတယ်။

၀၅. ကလေးတွေကလည်း သူ့ကိုချစ်တယ်။
ဘာကြောင့်လဲတော့မသိဘူး၊ ကလေးတွေအနားကိုသွားရင် သူ့အနားကို အားလုံးရောက်လာတတ်တယ်။ ကလေးတွေကလည်း သူ့ကိုချစ်ကြတယ်။

၀၆. ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ၊ ၁၀ မိနစ်လောက်လည်း တွေ့ကြပါတယ်။
နှစ်ယောက်စလုံး ဘယ်လောက်ပင် အလုပ်များနေပါစေ၊ အချိန်ကို ရအောင် လုပ်ယူပြီး သူကလာတွေ့ပေးပါတယ်။

၀၇. ဖုန်း၊ Msg တွေကို အမြဲတမ်း ပြန်ပြော၊ပြန်ဖြေပေးတယ်။
ဖုန်းတွေ၊ Msg တွေကို အချိန်မရွေး ပြန်ပြီး ဖြေပေးတော့၊ စိတ်ချမ်းသာတယ်။

၀၈.ရည်စားဟောင်းကိုလည်း ပြတ်ပြတ်သားသား ဖြတ်ပေးတယ်။
သူ့ဖုန်းထဲမှာ အရင်တုန်းက ရည်းစားတွေရဲ့ နံပါတ်တွေကိုလည်း ဖျက်ပေးတယ်။

၀၉. အံ့သြစရာကောင်းလောက်အောင် သူ့မှာ ရည်မှန်းချက်ကြီးကြီးမားမားရှိတယ်။
သူ့မှာ အမြဲဆိုသလို လူတွေကို ဆွဲဆောင်နိုင်တဲ့ ရည်မှန်းချက်တွေရှိတယ်။ သူပြောတဲ့အကြောင်းတွေက စိတ်ဝင်စားဖို့ကောင်းတယ်။

၁၀. Suprise Present တွေကိုလည်း မမေ့ပါ။
မွေးနေ့၊ အထိမ်းအမှတ်နေ့တွေကို အမြဲမမေ့ပါ။ ကိုယ့်အတွက်လိုအပ်နေတဲ့ လက်ဆောင်ကို သေသေချာချာ စဉ်းစားပြီးမှ ပေးလေ့ရှိပါတယ်။

၁၁. အမြဲအပြင်သွားတာထက်၊ အိမ်မှာလည်း အတူတူနေပေးတတ်တယ်။
ပိတ်ရက်တွေမှာ အပြင်သွားပြီး စားသောက်တာထက် အိမ်မှာ အေးအေးဆေးဆေးနေပြီး အတူတူ ရုပ်ရှင်လည်း ကြည့်ပေးတယ်။

၁၂. ကိုယ့်အပေါ်မှာ သစ္စာရှိပြီး၊ သူများအပေါ်လည်း သစ္စာမဖောက်ပါ။
ဘောလုံးပွဲတွေမှာ ကိုယ်ကြိုက်တဲ့ပွဲမှာ အားပေးနေတဲ့အသင်းက ရှုံးသွားရင် ကလေးတစ်ယောက်လို စိတ်ဆိုးတတ်တယ်။
မိသားစုဝင်တွေ၊ အလုပ်ပေါ်မှာလည်း ဘယ်သူ့ကိုမဆို လေးလေးစားစား ဆက်ဆံတတ်ပါတယ်။

၁၃. ဘယ်လောက်ပဲဝေးနေပါစေ၊ သူငယ်ချင်းတွေကို သတိရနေတယ်။
ဘယ်လောက်ပဲဝေးနေပါစေ။သူငယ်ချင်းတွေကို အမြဲသတိရနေတယ်ဆိုတာ ကိုယ့်ကိုလည်း သတိရနေမယ်ဆိုတာကို ပြောနေတဲ့အတိုင်းပါပဲ။

၁၄. ဒုက္ခရောက်နေသူကို ကူညီတတ်တယ်။
လမ်းမှာ ဒုက္ခရောက်နေသူတွေ့ရင် အပြေးအလွှားသွားပြီး ကူညီတတ်တယ်။

၁၅. ကိုယ့်ရဲ့ခံယူချက်ရှိပြီး သူများပြောသမျှ နားမဝင်ပါ။
သူများပြောလို့ လိုက်လုပ်တယ်ဆိုတာတော့ မရှိပါ။ ကိုယ်တိုင်ဆုံးဖြတ်ပြီး သဘောကျမှ သာလျှင်လုပ်လေ့ရှိပါတယ်။

၁၆. ထူးထူးထွေထွေ မဝတ်ပင်မယ့်လည်း ခန့်တယ်။
သူ့မှာ သူ့ရဲ့စတိုင်ရှိပြီး ဈေးကြီးတဲ့ Brand တွေမဝတ်ပင်မဲ့လည်း ကြည့်လို့ကောင်းတယ်။

၁၇. တရက်ကို တခေါက်လောက်တော့ ရယ်စရာလေးတွေလုပ်ပေးတယ်။
ဟာသဥာဏ်ကလည်း ထက်တာကြောင့် တနေ့ကိုတစ်ခေါက်လောက်တော့ ရယ်နေရတယ်။

၁၈. စိတ်ပျော်အောင် ထားပေးတယ်။
ကိုယ်စိတ်နေမပျော်တာကို သူနားလည်ပြီး အမြဲကိုယ်ချင်းစာတရားထားပြီး ကြည့်နေပေးတယ်။

၁၉. ရည်မှန်းချက်တွေ၊ အိမ်မက်တွေကို အားပေးနေတယ်။
ကိုယ့်ရဲ့ ရည်မှန်းချက်၊ အိမ်မက်တွေကို အမြဲဘေးကနေ အားပေးနေတတ်တယ်။

၂၀. ရေမွှေးတွေမလိုပါ၊ သူ့ရဲ့ကိုယ်သင်းအနံ့လေးကို သဘောကျတယ်။
သူကဖက်ပေးထားတဲ့အချိန်မှာ၊ သူ့ရဲ့အနံ့လေးက သင်းနေပြီး အရမ်းသဘောကျတယ်။

၂၁. မိဘတွေထက်တောင် ကိုယ့်ကို နားလည်ပေးသူ
သူငယ်ချင်းတွေကိုတောင် ကိုယ့်ရဲ့အကြောင်းကိုပြောပြီး ပျော်နေတဲ့သူပါ။ သူက ကိုယ့်ကို တကယ်ချစ်တဲ့သူဖြစ်သလို၊ ကိုယ့်အပေါ် အကောင်းဆုံး နားလည်ပေးသူပါ။

ChelmoTeam

မှတ်ချက်များ