မဲလက်မှတ်တွင် လိုဂိုအရောင် ပြောင်းသည့်ကိစ္စ မဲဆန္ဒရှင်များကို ရှင်းပြရန် ကော်မရှင်အသိပေး


လက်မှတ်စက္ကူ၏ မူရင်းအရောင်သည် အ၀ါရောင် ဖြစ်၍ မဲလက်မှတ်ရှိ လိုဂိုများတွင် ပါဝင်သော အဖြူရောင်သည် အ၀ါရောင်သန်းနေမည်ကို နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလများက မဲဆန္ဒရှင်များအား ရှင်းပြရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မဲပေးရာတွင် မဲလက်မှတ် ရှိ ကိုယ်စားလှယ်လောင်းအမည်၊ သက်ဆိုင်ရာပါတီ (သို့မဟုတ်) တစ်သီးပုဂ္ဂလ အမှတ်တံဆိပ် (Logo) များကို သတိပြု၍ မှန် ကန်စွာဆန္ဒပြုရန်လည်း ကော်မ ရှင်က အသိပေးသည်။

မဲလက်မှတ်များ အတုမလုပ် နိုင်ရန်နှင့် မလိုလားအပ်သော စွပ် စွဲပြစ်တင်မှုများ မဖြစ်ပေါ်ရန် အင်ဒိုနီးရှားနိုင်ငံမှ လုံခြုံရေးအ မှတ်အသားပါ အ၀ါရောင်စက္ကူ များ တင်သွင်းကာ မဲလက်မှတ် များ ရိုက်နှိပ်ခဲ့ကြောင်း ကော်မရှင် မှ သိရသည်။ ယင်းစက္ကူမှာ P T Pura စက်မရုံမှ Light Yellow W/F Paper (80gsm) အမျိုး အစားဖြစ်သည်။

သို့ဖြစ်ရာ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ လိုဂိုဖြစ်သော ခွပ်ဒေါင်းနှင့် ကြယ်ဖြူတွင် ကြယ် ဖြူမှာ ကြယ်ဝါကြီးဖြစ်နေသည်။

‘‘မဲပေးရမယ့် စက္ကူက ၀ါ ကျင့်ကျင့်ဆိုတော့ ကျွန်မတို့ရဲ့ ကြယ်ကြီးက ၀ါကျင့်ကျင့်ဖြစ်နေ တယ်။ ဒီတော့ ကျွန်မပြောချင် တာက ကျွန်မတို့က ဖြူစင်တဲ့ စိတ်ရှိလို့ ကျွန်မတို့ရဲ့ ကြယ်ကြီးဟာ ဖြူပါတယ်။ ပြည်သူလူထုက လည်း ဒီကြယ်ကြီး ဖြူဖြူစင်စင် နဲ့ ဆက်ပြီး ထွန်းတောက်နိုင်ဖို့အ တွက် NLD ကို မဲပေးကြပါလို့ မေတ္တာရပ်ခံပါတယ်’’ ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင် ဘာ ၁ ရက်တွင် သုဝဏ္ဏမဲဆွယ် ဟောပြောပွဲ၌ ပြည်သူများအား ပြောကြားခဲ့သည်။

ထိုသို့ ပြောကြားပြီး နှစ် ရက်အကြာတွင် ကော်မရှင်၏ ကြေညာချက်ထွက် ပေါ်လာခြင်း ဖြစ်သည်။

၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲတွင် မဲလက်မှတ်များ၌ ဖယောင်းသုတ်ထားသဖြင့် ဒီချုပ်က ကော်မရှင်သို့ တိုင်ကြားမှုများရှိခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲအ တွက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က စုစုပေါင်း အမှာ စာ (၁၃)ကြိမ်ဖြင့် ဆန္ဒမဲလက်မှတ် အစောင်ရေပေါင်း သန်း ၁၃၀ ကျော် (၁၃၀,၈၁၁,၂၇၂) အပ်နှံ ခဲ့မှုအပေါ် ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးလုပ်ငန်းက အစောင် ရေအားလုံးကို ပုံနှိပ်ပေးပြီးဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

မှတ်ချက်များ