စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဆင်ကုန်းကျေးရွာ အနောက်ဘက် ကျောက်ပါးစပ်ရွှေမှော်တွင် ရွှေချက်ရာ၌ အသုံးပြုသည့် ဆေးရည်သောက်မိခဲ့၍ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကောလင်းမြို့ နယ် ယင်းတိုက်ကုန်းကျေးရွာနေ အေးမင်းချောင် (၂၁နှစ်)သည် ကျောက်ပါးစပ်ရွှေမှော်ရှိ ၄င်း၏လုပ်ကွက်တဲ၌ အစ်မဖြစ်သူနှင့် စကားများပြီး စိတ်ညစ်သဖြင့် နိုဝင်ဘာ ၁၅ ရက်က ရွှေချက်ရာတွင် အသုံးပြုသည့် ဆေးရည်ကို သောက်မိခဲ့သဖြင့် ဆေးကုသရန် နမ်းခမ်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင် စဉ် ဆေးရုံအရောက်၌ သေဆုံးသွား ခဲ့ကြောင်း သိရသည်။
အေးမင်းချောင် သေဆုံးရခြင်း မှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ် စစ်ဆေးသိရှိ နိုင်ရန် ဝန်းသိုမြို့မရဲစခန်းက သေမှု/သေခင်းဖွင့် ဆောင်ရွက် ခဲ့ပြီး ဝန်းသိုမြို့မရဲစခန်းမှူး ဒုရဲမှူးတင်မောင်သက်က စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဦးရဲ(ကသာ) / Myanmaalinn

မှတ်ချက်များ