ချစ်တင်းနှောနေစဉ် ယောကျာ်းကိုလိမ့်ချမိ၍ လိင်တံ မတော်တဆကျိုးသွား


ချစ်တင်းနှောနေကြစဉ်အတွင်း မိန်းမဖြစ်သူဟာ သူ့ယောကျာ်းကိုလိမ့်ချမိတာကြောင့် သူ့ယောကျာ်းရဲ့ လိင်တံဟာ မတော်တဆ ကျိုးသွားခဲ့ပါတယ်။ သူ့ရဲ့ဖုန်းမှာ အွန်လိုင်းဈေးဝယ်ဖို့ လုပ်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ ဒီမတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး မိန်းမဖြစ်သူဟာ ညသန်းခေါင် မိုဘိုင်းဖုန်းမှာ alarm ကို ရုတ်တရက်ပိတ်ဖို့ လုပ်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး အွန်လိုင်းဈေးဝယ်နေ့ဖြစ်တဲ့ တစ်ကိုယ်ရည်သမားများနေ့ သို့အကူး ညသန်းခေါင်မှာ ဈေးဝယ်ဖို့အလောကြီးသွားပြီး ရုတ်တရက်ရုန်းထလိုက်ရာက ယောကျာ်းဖြစ်သူရဲ့ လိင်တံဟာ နာကြင်သွားစေတာပါ။

နောက်တစ်နေ့မနက် အိပ်ရာထတဲ့အချိန်မှာတော့ ယောကျာ်းဖြစ်သူရဲ့ လိင်တံဟာ ခရမ်းရောင်သန်းပြီး ရောင်ကိုင်းလာပါတယ်။ ဆေးရုံကို ကမန်းကတန်းသွားပြကြတဲ့ အခါမှာတော့ လိင်တံက ကျိုးသွားတာဖြစ်ကြောင်း ဆရာဝန်တွေက သိရှိခဲ့ပါတယ်။

အဲ့ဒီ့နောက်ပိုင်း ယောကျာ်းဖြစ်သူဟာ ခွဲစိတ်မှုခံယူခဲ့ရပြီး အကောင်းပကတိ ပြန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Skyler - သစ်ထူးလွင်
Ref:Daily Mail

မှတ်ချက်များ