ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည့်အတွက် ရာထူးမှ အေးချမ်းစွာဖယ်ပေးမည် ဟု တိုင်းဒေသကြီး ဝန်ကြီး တစ်ဦး ပြောကြား
ပြည်သူလူထု ၏ဆုံးဖြတ်ချက်အရ ရွေးကောက်ပွဲ တွင် မိမိတို့ရှုံးနိမ့်ခဲ့သည့် အတွက် ရွေးကောက်ပွဲ ရလဒ် အတိုင်း ရာထူး များမှ အေးချမ်းစွာဖြင့် ဖယ်ပေးသွား မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေ သကြီးအစိုးရအဖွဲ့မှ ဝန်ကြီးတစ်ဦး ကပြောကြားခဲ့သည်။
နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့ သည့် ၂၀၁၅ ရွေးကောက်ပွဲအပြီး ဧရာဝတီတိုင်းဒေသကြီး မြို့နယ်အ သီးသီးတွင် လက်ရှိတိုင်း အစိုးရအဖွဲ့ ဝင် ဝန်ကြီးများရှုံးနိမ့်ခဲ့ရခြင်းကို အ ခြေခံ၍ မြောင်းမြမြို့နယ်တိုင်းဒေသ ကြီးလွှတ်တော် အမှတ်(၂) တွင် ပြည် ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင် ဘဏ္ဍာ ရေး ဝန်ကြီး ဦးဝင်းကိုကို ကပြောကြား ခဲ့ခြင်းဖြစ်သည်။
''ရွေးကောက်ပွဲရလဒ်ကိုတော့ ရင်မခုန်တော့ပါဘူး။ ကိုယ့်တိုင်းအ တွက် အကောင်းဆုံးလုပ်ပေးခဲ့ပြီးပြီ ပဲဗျာ။ ရှုံးတော့လည်းဖယ်ပေး ရုံပဲပေါ့။ ဒါပေမဲ့ ရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်လာတဲ့အခါ ကျွန်တော် တို့လက်ခံ မှာပါ။ ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို အေးအေးချမ်းချမ်း နဲ့လက်ခံပါတယ်''ဟု ၎င်းကထပ်မံ ဆိုသည်။
တိုင်းဒေသကြီး ဘဏ္ဍာရေးဝန် ကြီး ဦးဝင်းကိုကိုမှာပြီးခဲ့ သည့် ၂၀၁၀ ရွေးကောက် ပွဲတွင် မြောင်းမြမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒ နယ် အမှတ်(၂)တွင် ပြည်ခိုင်ဖြိုး ပါတီကိုယ်စားပြု ယှဉ်ပြိုင်အနိုင်ရ ပြီးနောက် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့သူဖြစ်ပြီး ယခုရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အမတ် လောင်း ဒေါ်ခိုင်ဇင်ဦးနှင့်ယှဉ်ပြိုင် အရွေးခံရာ၌ ရှုံးနိမ့်ခဲ့ရခြင်းဖြစ် သည်။
အလားတူ တိုင်းဒေသကြီး သစ်တော၊ သတ္တု ဝန်ကြီး ဦးစိုးမြင့် အား ဆက်သွယ်မေးမြန်းကြည့်ရာ တွင်''ပြည်သူရဲ့ အဆုံးအဖြတ်ပဲ ဗျာ။ ကျွန်တော်တို့လက်ခံရမှာပေါ့။ လွန် ခဲ့တဲ့ ငါးနှစ်တာကာလ ကလည်း ပြည် သူတွေအတွက် အကောင်းဆုံး လုပ်ပေးခဲ့တယ် လို့ခံယူပါတယ်။ အခု ပြည်သူ့အဆုံးအဖြတ်အတိုင်း နောက် အစိုးရကို အာဏာလွှဲပြောင်း ပေး မယ်၊ သူတို့ဆက်လုပ်ကြပေါ့ဗျာ'' ဟုဆိုသည်။ ပြည်ခိုင်ဖြိုးပါတီ ကိုယ် စားပြုသစ်တော၊ သတ္တုဝန်ကြီးဦး စိုးမြင့်မှာ ယခု ၂၀၁၅ ရွေးကောက် ပွဲတွင် ဟင်္သာတမြို့နယ် ပန်းတနော် မဲဆန္ဒနယ်အမှတ်(၁)၌ ယှဉ်ပြိုင် အရွေး ခံခဲ့သော NLD အမတ်လောင်းဦး ကျော်စိုးအား ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်အပါအဝင် အစိုးရ အဖွဲ့ဝင် ဝန်ကြီး ၁၁ဦးစလုံးမှာ မိမိ မွေးရပ်နယ်မြေ မြို့နယ် အသီးသီး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုရွေးကောက် ပွဲတွင် အင်တိုက် အား တိုက်ပါဝင် ယှဉ်ပြိုင်ခဲ့ကြသော် လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ် လောင်းများ ကို ရှုံးနိမ့် ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
SM / Democracytoday

မှတ်ချက်များ