မိဘတို့ သတိထားစရာ


ဆယ်နှစ်အောက် သမီးကလေးရှိသူတို့အတွက်နှင့်ကိုယ်သားသမီး အရွယ်မရောက်မီ ပြုစုပျိုးထောင်ရာတွင်သတိထားအပ်သော အမင်္ဂလာ (၁၃) ချက်ပေါ့ခင်ဗျာ။

၁။ သင့်သမီးလေးကို သူမျာ့း ပေါင်ချန်ခွင်ထဲ မထိုင်ဖို့ ပြောထားပါ။
ကလေးမရဲ့ ဦးလေးဖြစ်နေပစေ ဝင်မထိုင်ရဘူးလို့ သင်ထား။

၂။ ကိုယ့်သားသမီး နှစ်နှစ်လောက် ရှိပြီ ဆိုရင် သူတို့ရှေ့မှာသင့်အဝတ် ချွတ် မလဲ ပါနဲ့။ သင့်အတွက်ကော သမီးသားအတွက်ကောဟီရိသြတပ္ပတရားကို စတင် သင်ယူကြရမယ်။

၃။ ကလေးတွေ အချင်းချင်း လင်မယားလုပ်တမ်း မကစားကြဖို့နဲ့။
တခြားအရွယ်ရောက်လူတွေကို ငါ့ ယောက်ျား ငါ့မိန်းမ လို့ မပြောစေနဲ့။
သူတို့ကြိုက်လို့ ရုပ်ရှင်မင်းသမီးမင်းသားကို ညွှန်းရင်လည်းထိထိရောက်ရောက် ဆိုဆုံးမ ပေးပါ။

၎။ သင့်သမီးသားလေးတွေ သူတို့ကလေးအချင်းချင်း သွားကစားကြပြီ ဆိုရင်
မိဘသည် သူတို့ ဘာလုပ်တမ်းကစားနေကြတာကို အသေအချာ သတိထား
ကြည့်နေပါ။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေ လိင် ကိုင်ကစားတတ်ကြ
သလို ကလေးဆိုးတချို့က တက်ခွ အနိုင်ကျင့်တာတွေ လုပ်တတ်ကြလို့။

၅။ သင့်သမီးသားတစ်ယောက်ယောက်က သူမကြိုက်တဲ့ အရွယ်ရောက်သူ
တစ်ယောက်ရဲ့အိမ်ကို မသွားချင်တာတို့ တစ်ခါ သူ အလွန် ခင်လွန်းတဲ့
အရွယ်ရောက်သူတစ်ယောက်ရဲ့ အိမ်ကို သိပ်သွားနေချင်တာတို့ ဖြစ်လာရင်
မိဘသည် လေ့လာစူးစမ်းမှုကို အထူးပြုလုပ်ရတော့မယ်လို့ မှတ်ထားပါ။

၆။ မိဘကို ခင်ခင်တွယ်တွယ် ရှိနေတဲ့ ကလေးတစ်ယောက်ဟာ ချက်ချင်း
ဆိုသလို သင့်အပေါ် သူစိမ်းပြင်ပြင် ဆက်ဆံလာနေတာကိုတွေ့လိုက်ရရင်
သတိပြုပြီး ကလေးကို ဂရုတစိုက်နဲ့ မေးခွန်းမျာများနဲ့ ချော့မေးကြပါ။

၇။ အရွယ်ရောက်လာတဲ့ သင့်ကလေးကို လိင် ကိစ္စ အမှန်အကန် တန်ဖိုး
အကြာင်းကို သေသေချာချာ သွန်သင်ပေးရမယ်။ သို့မဟုတ်ပါကသူ့ လူမှုဝန်းကျင်က မဟုတ်မဟပ်တွေ အများကြီး သင်ပေးလာပြီးမကောင်းတာတွေ တတ်ကုန်ကြတယ်။

၈။ ကလေးတွေအတွက် သင် ဝယ်ပေးလိုတဲ့ ကာတွန်းစာအုပ်စသည့်တခြားမီဒီယာပစ္စည်းတွေကို သူတို့ အရင်ကြည့်ပြီး ဖြစ်နေတာထက်သင်က အသေအချာ စီစစ်ပြီးလို့ သင့်တော်လို့ သူတို့အတွက် ဝယ်ပေးတာ ဖြစ်သင့်တယ်။ ကြိုတင် လမ်းကြောင်းပေးခြင်း ဖြစ်နေရမယ်။

၉။ မိဘတွေရဲ့ စီးပွားရေး စသဖြင့် မီဒီယာ အင်တာနက်လိုင်းကို အသေအချာ
ထိန်းချုပ်ထားဖို့ နဲ့ ကလေးတွေ ဝင်မဆော့နိုင်အောင် ကာကွယ်ထားပါ။
ကိုယ်ဆက်ဆံနေရတဲ့ တစ်ဖက်မိဘတွေကိုလည်း သူတို့ သားသမီးတွေ
ဝင် မကြည့်နိုင်အောင် ပြောထားပါ။

၁၀။ သင့်သမီး သား သုံးနှစ်အရွယ်က စလို့သူတို့ရဲ့ ရှက်စရာ အင်္ဂါ အစိတ်အပိုင်းတွေကို သူများ လာမထိလာမကိုင်စေဖို့ သွန်သင်ပေးပါ။သင်တို့ မိဘတွေကိုယ်တိုင်ကလည်း ထိလိုက်ကိုင်လိုက် မလုပ်ရဘူး။ကြင်နာမှု ဆိုတာ အိမ်က စတယ်ဆိုတာ မမေ့ပါနဲ့။

၁၁။ သင့်ကလေး စာရိတ္တ နဲ့ စိတ်ဓာတ် ပျက်ပြားစေနိုင်တယ်ဆိုတဲ့မဖတ်ရ မကြည့်ရ မပေါင်းသင်းရ ဆိုတာမျိုးတွေနဲ့ တားဆီးမှု လုပ်ပါ။အဲဒီထဲမှာ မီဒီယာ တချို့နဲ့ မပေါင်မသင်းအပ်တဲ့ လူတွေအိမ်ထောင်စုတွေ ပါပါတယ်။

၁၂။ သင့်ကလေး လူအကြား လူအရှေ့ ထွက်ရတဲ့ တန်ဖိုးအကြောင်းကိုလည်း
သိအောင် သင်ပေးထားပါ။ အရှက်ကြီး အကြောက်ကြီး ဖြစ်မနေစေရဘူး။

၁၃။ သင့်ကလေးက တစ်ယောက်ယောက်ကို လက်ညှိုးထိုးကန့်ကွက်နေပြီဆိုရင် သင် အေးအေးဆေးဆေး လုပ်မနေပါနှင့်။ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းသွားပါ။

ကဲ ဒီအချက်တွေကို သင်သည် ဖတ်ပြီးကသင်သည် မိဘဖြစ်စေ မိဘဖြစ်လာဖို့ရှိသူများဖြစ်စေကလေးသူငယ်များကို ကာကွယ်ထိန်းကျောင်း ပေးလိုသူများ
ဖြစ်ကြမည်ဟု မျှော်လင့်ပါတယ်။

အခြားသူများအားလည်း အသိပေးပါ။ ရှယ်ပေးကြပါ။ အထူးသဖြင့် မိဘမဲ့များ နဲ့ ခိုကိုးရာမဲ့ ကလေးများဂေဟာမှတာဝန်ရှိသူများ အထူး သိသင့်ပါတယ်။

အကန (Ak Naing)

မှတ်ချက်များ