![]() |
| ဓာတ်ပုံ - ရိုက်တာ |
အသက် ၂၈ နှစ်အရွယ် နာစရီဟာ ဘုန်းမောက်ကို အနိုင်ရတဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလက ပရီးမီးယားလိဂ် ပွဲစဉ်မှာ တကောက်ကြော ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာနဲ့ ပက်သက်လို့ ပြင်သစ်ကွင်းလယ်သမား နာစရီက သူ့အကောင့်မှာ ရေးထားတာကတော့ နောက်ထပ် ၃ လ အကြာမှာ အခုထက်ပိုပြီး ကစားပုံ ကောင်းတဲ့ပုံစံနဲ့ ပြန်လာခဲ့မယ်လို့ ဆိုထားပါတယ်။
မန်စီးတီး ကွင်းလယ်သမားဟာ ဒီနှစ်ရာသီမှာ ဒဏ်ရာ ပြဿ နာနဲ့ ရုန်းကန်ခဲ့ရလို့ အသင်းအတွက် ၈ ပွဲပဲ ကစားပေး နိုင်သေးပြီး ၁ ဂိုး သွင်းယူထားပါတယ်။
DVB

မှတ်ချက်များ