နိုဝင်ဘာလ ၁၉ရက် နံနက်(၈)နာရီ အချိန်ခန့် က ဝေါ(အ-ထ-က)စာသင်ကျောင်းရှေ့ တွင်ယာဉ်တိုက်မှုတစ် ခုဖြစ်ပွားခဲ့ ပြီး ကျောင်းသားတစ်ဦးအသက်ဆုံးပါးခဲ့ သည်ဟုကျောင်းသားမိဘတစ်ဦးထံမှ
သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဝေါမြို့ ချမ်းမြသာစည်ရပ်ကွက်နေ စည်ပင်သာယာအမြဲတမ်းလုပ်သားတစ်ဦး၏သားဖြစ်သူအ
သက်(၁၀)နှစ်အရွယ်ခန့် ရှိ(၅)တန်းကျောင်းသားမောင်ညီညီမင်းဇော် ဆိုသူမှာ အရှေ့ ဘက်ကမ်းရပ်ကွက် သုခိတာ ဘုန်းတော်ကြီးသင်စာသင်ကျောင်းသို့ ကျောင်တက်ရန် စက်ဘီးနှင့် လာစဉ် ရန်ကုန်ဘက်မှမော်လမြိုင်ဘက်သို့ မောင်းနှင်လာသော ဟိုင်းလတ်ယာဉ်ငယ်နှင့် အထက(ဝေါ) စာသင်ကျောင်းရှေ့ ၌ တိုက်
မိခြင်းဖြစ်သည်။
"ခလေးကစက်ဘီးကို ကားနဲ့ ချိတ်မိသွားပြီးစက်ဘီးလဲကျချိန်မှာကားက အရှိန်မသတ်နိုင်ဘဲ ညာဘက်ကိုဆွဲချပြီး ခလေးခါးလည်ကိုနောက်ဘီးနဲ့ ကြိတ်မိသွားတာ ယာဉ်မောင်းကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ် စပယ်ယာကိုတော့ သက်ဆိုင်ရာ ရဲစခန်းကို အပ်လိုက်ပြီ" ဟု ယာဉ်တိုက်မှုအားတွေ့ မြင်လိုက်ရသူ ကျောင်းသားမိဘတစ်ဦးကပြောသည်။

အခင်းဖြစ်နေရာတွင် ကျောင်းသားငယ်မှာဆုံးပါးသွားခဲ့ပြီးယာဉ်မောင်းမှာထွက်ပြေးတိမ်းရှောင်သွားကြောင်းကျန်ရှိခဲ့ သည့်ယာဉ်နောက်လိုက်အား ကျောင်းလာပို့ သောကျောင်းသားမိဘများကရဲစခန်းသို့ အပ်နှံခဲ့ 
ကြောင်းသိရှိရသည်။
အခင်းဖြစ်သည့်အချိန်တွင်ယာဉ်ထိန်းရဲမရှိကြောင်းကျောင်းဆင်းကျောင်းတက်ချိန်တွင် ကျောင်းသားများ
ယာဉ်အန္တာရယ်ကင်းရှင်းစေရန်ပညာရေးဌာနအနေဖြင့်သော်၎င်းအာဏာပိုင်အဖွဲ့ အစည်းများနှင့်သက်ဆိုင်ရာဌာနများအနေဖြင့်သော်၎င်းအဆိုပါဖြစ်စဉ်မျိုးနောက်နောင်မဖြစ်ပေါ်စေရန် အထူးကြပ်မတ်စီစဉ်ဆောင်
ရွက်သင့်သည်ဟု ကျောင်းသားမိဘများကယင်းဖြစ်စဉ်နှင့်ပက်သက်၍ ဝေဖန်ပြောဆိုနေကြောင်းဆက်လက်သိရှိရသည်။
wawmedia
wawmedia

မှတ်ချက်များ