ခြေထောက်မှာ မတူမညီကွဲပြားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများနဲ့ ဆက်စပ်မှုတဲ့ အစက်ပျောက်တွေ အသီးသီး ရှိကြပါတယ်။ တကယ်တော့ အဲဒီအစက်အပျောက် ကလေးတွေဟာ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ မြေပုံတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အိပ်ခါနီး ခြေဖဝါးနှိပ်ပေးခြင်းက အရေးကြီးတာဖြစ်ပါတယ်။ ထူးခြားမှုကို ချက်ချင်းခံစားရမှာ ဖြစ်ပါတယ်။
ခြေဖဝါးနှိပ်နယ်ခြင်းရဲ့ အကျိုးသက်ရောက်မှုများ
သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေခြင်း
ကြွက်သားကို အကျိုးပြုခြင်း
မရေတွက်နိုင်တဲ့ရောဂါများ ခုခံကာကွယ်ပေးခြင်း
အရေပြားအတွက် အကျိုးဖြစ်စေခြင်း
Lactic acid ဖယ်ရှားပေးခြင်း
ချွေးထွက်အောင် လှုံ့ဆော်ပေးခြင်း
အဆီများဖျက်ဆီးချေမှုန်းပေးခြင်း
အစာချေဖျက်မှု လွယ်ကူစေခြင်း
ကိုယ်လက်လှုပ်ရှားမှုများလွန်းခြင်းကြောင့် ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုနဲ့ တောင့်မာမှု သက်သာစေခြင်း
စိတ်ဖိစီးမှု၊ ပန်းနာ၊ ခေါင်းကိုက်ခြင်း၊ နှာပိတ်ခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းစတဲ့ ရောဂါလက္ခဏာများစွာကို ကာကွယ်ကုသပေးခြင်း တို့ပဲ ဖြစ်ပါတယ်။
မှတ်ချက်။ ။ နှိပ်နယ်တဲ့အခါ လိုးရှင်း၊ ခရင်မ် သို့မဟုတ် ဆီကို အသုံးပြုပါ။ အထူးသဖြင့် ခြေထောက်ပေါ်က အသားမာကို ပျော့ပျောင်းစေမှာ ဖြစ်ပါတယ်။
Trend Myanmar

မှတ်ချက်များ